ဟားခါးမြို့နယ်၊ ဇိုခွါးရွာအနီး မော်တော်ယာဉ်တစ်စီး တိမ်းမှောက်၊ လူ(၃)ဦးသေဆုံး


ဟားခါး အောက်တိုဘာ ၃၁

ဟားခါးမြို့နယ်၊ ဇိုခွါးကျးရွာအနီး၌ အောက်တိုဘာ ၃၁ ရက် နံနက် ၆ နာရီခန့်က မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ(၃)ဦးသေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယာဉ်မောင်းဦးလျန်ဇအုပ်မောင်းနှင်လာသော အဖြူရောင်စကဒ်ယာဉ် (5J/3572) သည် ဂျွိင်းခလုတ်ပြုတ်ထွက်ပြီး ကားလမ်းမကြီးအောက်သို့ ပေ(၃၀၀)ခန့် ပြုတ်ကျခဲ့ရာ ယာဉ်မောင်း အပါအဝင် ဘုံဇုံးရွာနေဦးမန်နှင်း၊ ဦးထာသင်ထန်(၃)ဦးတို့သည် အခင်းဖြစ်ပွားသည့်နေရာ၌ပင် သေဆုံးခဲ့ကြ ကြောင်း သိရသည်။

( ဟားခါးခရိုင် ပြန်/ဆက် )
Photo credit.Chan Mang
ဟားခါးမြို့နယ်၊ ဇိုခွါးရွာအနီး မော်တော်ယာဉ်တစ်စီး တိမ်းမှောက်၊ လူ(၃)ဦးသေဆုံး ဟားခါးမြို့နယ်၊ ဇိုခွါးရွာအနီး မော်တော်ယာဉ်တစ်စီး တိမ်းမှောက်၊ လူ(၃)ဦးသေဆုံး Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.