ရဲချုပ်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်

ကာတာလိုနီယာ ရဲချုပ်ကို တရားရုံးချုပ် ဆင့်ခေါ်
တနင်္ဂနွေ နေ့က စပိန်အစိုးရက လက်မခံတဲ့ လွတ်လပ်ရေး ဆန္ဒခံယူပွဲ နဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေတဲ့ အချိန်မှာ ကာတာလိုးနီးယား ရဲချုပ်ကို နိုင်ငံတော်ပုန်ကန်မှု ဆိုင်ရာ စုံစမ်းမှုမှာ သံသယ ရှိသူတဦးအဖြစ် စစ်ဆေးဖို့ စပိန် တရားရုံးချုပ် က ဆင့်ခေါ်ခဲ့ပါတယ်။

Josep Lluis Trapero နဲ့ နောက် သုံးယောက်ဟာ လာမယ့် သောကြာနေ့မှာ တရားရုံးကို လာရောက် ထွက်ဆိုကြရမယ်လို့ မျှော်လင့်ရပါတယ်။

ဆန္ဒမဲ ပေးသူတွေကို ဟန့်တားဖို့ ကာတာလန် အစိုးရ အဆောက်အဦထဲကို စီးနင်းဝင်ရောက် ခဲ့ကြတဲ့ အမျိုးသား လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ အခုအမှု ဆက်စပ်နေပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲ က တော့ သူဟာ ကက်တလန် နဲ့ စပိန်အစိုးရ ကြားမှာ ကြားဝင် စေ့စပ်ညှိနှိုင်း ပေးနိုင်ဖွယ်ရှိသူဖြစ်တယ်လို့ ပြောနေကြတဲ့ သတင်းတွေ မမှန်ကြောင်း ပယ်ချလိုက်ပါတယ်။

အခု အငြင်းပွားမှုဟာ စပိန် ပြည်တွင်းရေးသာဖြစ်တယ်။ ဒါပေမဲ့ ဂျာမနီကတော့ အခြေအနေကို အနီးကပ် လေ့လာစောင့်ကြည့်နေတယ်လို့ အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

လူထုဆန္ဒခံယူပွဲ ရလဒ်ကို အသေအချာ ဆွေးနွေးနိုင်ဖို့ လာမယ့် တနင်္လာနေ့မှာ ကာတာလန် လွှတ်တော် ခေါ်ယူဖို့ ရှိပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရဲချုပ်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ် ရဲချုပ်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ် Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.