အောက်တိုဘာလ ၂၄ ရက်နေ့ ယနေ့ နေ့လည်(၁၁း၀၀)နာရီကျော်ခန့်က လားရှိုးမြို့၊ ရပ်ကွက်(၁၀)၊ တိုင်းလမ်းခွဲလမ်းတွင် ဆိုင်ကယ်စီးနင်းလာသော သားအမိ(၂)ယောက် ( သမီးဖြစ်သူကရှေ့က မောင်းနှင်ပြီး အမေဖြစ်သူက ပိုက်ဆံအိတ်ကိုင်၍ နောက်မှအတူစီးနင်းလိုက်ပါလာစဉ် ) အမည်မသိအမျိုးသား(၂)ဦး စီးနင်းလာသည့် ဆိုင်ကယ်မှ ၎င်းသားအမိ (၂)ဦးစီးလာသည့်ဆိုင်ကယ်ကို ၀င်တိုက်ပြီး ဆိုင်ကယ် မှောက်သွားချိန်တွင် ပိုက်ဆံအိတ်အား လုယူ၍ မောင်းနှင်ထွက်ပြေးသွားကြောင်းသိရသည်။
ဆိုင်ကယ်အတိုက်ခံရပြီး လွှင့်ကျသည့်အရှိန်ကြောင့် ဒေါ်XXX မှာ ညာဘက်ခြမ်းတွင် ဒဏ်ရာများ ရရှိသဖြင့် လားရှိုးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လားရှိုးပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Save Our Lashio
Nay Myo
ဆိုင်ကယ်ဖြင့် ၀င်တိုက်ပြီး ပိုက်ဆံအိတ်လုခံရ
Reviewed by THITHTOOLWIN
on
18:31
Rating:
