မြန်မာနိုင်ငံသားအချင်းချင်း မှုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သူ ခင်မောင်လင်းကို ဖမ်းဆီးရမိ

ပုံစာ - လူသတ်မှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့ဝင်များကို ပြန်လည်သရုပ်ပြနေသည့် သုံဘီးဆိုင်ကယ်မောင်းသူ ခင်မောင်လင်း အသက် (၃၀) ခန့် ။
အောက်တိုဘာ - ၂၅ - ၂၀၁၇

မဲဆောက်မြို့ ထုံထောင်းရပ်ကွက်နေ မသီသီဝင်း (၄၁) နှစ်ကိုသတ်ဖြတ်ခဲ့သည့် တရပ်ကွက်တည်းအတူနေ စက်တပ်သုံဘီးဆိုင်ကယ်ယာဉ်မောင်း ခင်မောင်လေး (လေးလေး) ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးဖြစ်သည်။

မဲဆောက်ဒေသအခြေစိုက် မီဒီယာအချို့ ကထုတ်ပြန်ခဲ့သည့် သတင်းများအရ သုံးဘီးယာဉ်မောင်းသူ ခင်မောင်လင်းက ခရီးသည်ဖြစ်သူမသီသီဝင်းကို ယခုလ ၁၉ ရက်နေ့က မဲဆောက်ရှိထိုင်းလ၀ကရုံးမှအပြန်တွင် လေယာဉ်ကွင်းအနောက်ဘက်ရှိတောစပ်ထဲတွင် မုဒိန်းကျင့်ကာ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု သတင်းဖော်ပြခဲ့ကြသည်။

သေဆုံးသူကိုယနေ့မွန်လွှဲပိုင်းတွင် မဲဆောက်ရှိသုသာန်တွင်မီးသဂြိုလ်ခဲ့ပြီးဖြစ်သည်။

သေဆုံးသူ၏ခင်ပွန်ဖြစ်သူကိုမင်းနိုင်က လူသတ်မှုနှင့်ပတ်သက်၍ သုံးဘီးဆိုင်ကယ်မောင်းသူခင်မောင်လင်းသည် မဲဆောက်ရဲစခန်းတွင်ဝန်ခံဖြောင့်ချက်ပေးခဲ့သည်ဟု ယနေ့ညနေပိုင်းတွင် ကရင်အမျိုးသားမီဒီယာကို ပြောကြားခဲ့သည်။

သေဆုံးသူမသီသီဝင်း၏ ရက်လည်ဆွမ်းကပ်တရားတော်နာကို ယခုလ ၂၇ ရက်နေ့တွင် မဲဆောက်ဆေးရုံကြီးအနီးရှိသူမနေထိုင်ရာ ထုံထောင်းရက်ကွက်တွင် ပြုလုပ်မည်ဖြစ်သည်။

ကိုမင်းနိုင်၏ဇနီး မောင်သူရအောင် မမိုးမိုးအောင်တို့၏မိခင် မသီသီဝင်းသည် ပဲခူးတိုင်းဒေသကြီး က၀မြို့ နယ် မမောက်ရွာသစ်ကျေးရွာဇာတိဖြစ်သည်။

သတင်း - ကရင်အမျိုးသားမီဒီယာ
ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့နှင့်သေဆုံးသူမိသားစု
ကရင်အမျိုးသားမီဒီယာ Karen National Media - KNM
မြန်မာနိုင်ငံသားအချင်းချင်း မှုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သူ ခင်မောင်လင်းကို ဖမ်းဆီးရမိ မြန်မာနိုင်ငံသားအချင်းချင်း မှုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သူ ခင်မောင်လင်းကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.