၂၀၁၆ ခုနှစ်က ရောက်သွားသူတွေကိုပဲ မြန်မာဘက်က ပြန်ခေါ်ဖို့ စဉ်းစားမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို တွေ့ရစဉ်။ Photo: UNHCR in Bangladesh
ဘင်္ဂလားဒေ့ရှ်ကို မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးသွားတယ်ဆိုသူတွေထဲမှာ ၂၀၁၆ ခုနှစ်က ရောက်သွားတဲ့သူ တွေကိုပဲ ပြန်ခေါ်ဖို့စဉ်းစားမယ်လို့ မြန်မာကိုယ်စားလှယ်ဘက်က ပြောဆိုတဲ့အကြောင်း နှစ်နိုင်ငံကိုယ်စားလှယ် တွေရဲ့ ဆွေးနွေးပွဲတက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အရာရှိ တစ်ဦးက AFP သတင်းဌာနကိုပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကတော့ သူ့ဆီမှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်စလင် ၉ သိန်းလောက်ရှိနေပြီး အဲဒီလူတွေအားလုံး ကိုပြန်ခေါ်ဖို့ တောင်းဆိုထားတယ်လို့ဆိုပါတယ်။ အဲဒီ ၉ သိန်းထဲမှာ ၅ သိန်းက လတ်တလောဖြစ်ရပ်ကြောင့် ရောက်လာသူတွေဖြစ်ပြီး၊ မနှစ်က ရောက်လာသူက ၁ သိန်း၊ ၁၉၉၀ နောက်ပိုင်းရောက်နေသူ က ၃ သိန်း လောက်ရှိတယ်လို့ ဆိုပါတယ်။

အစောပိုင်းရောက်နေသူတွေ ပြန်ခေါ်ဖို့အတွက် သူတို့မှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ အခုဆွေးနွေးပွဲတက်လာတဲ့ မြန်မာကိုယ်စားလှယ်တွေက ပြောဆိုတယ်လို့လည်း သူကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ