ဟိုင်ဒရိုဂျင်ဗုံး စမ်းသပ်ရေး မြောက်ကိုရီးယား အရာရှိထပ်မံသတိပေး


မြောက်ကိုရီုးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ယိယောင်ဟိုး က သူတို့နိုင်ငံအနေနဲ့ ပစိဖိတ်သမုဒ္ဒရာပေါ်က လေထုအတွင်း ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်ဖွယ်ရှိတယ်လို့ အရင်လက ပြောကြားခဲ့တာကို အလေးအနက်ထားဖို့ မြောက်ကိုရီးယား ထိပ်တန်းအရာရှိတဦးက CNN နဲ့ မနေ့က ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သတိပေးလိုက်ပါတယ်။

 အခုအချိန်ထိ မြောက်ကိုရီးယားနိုင်ငံရဲ့ နူကလီယာစမ်းသပ်မှုအားလုံးဟာ မြေအောက်မှာပြုလုပ်တာဖြစ်ပါတယ်။

အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA စီအိုင်အေ အကြီးအကဲ Mike Pompeo မိုက် ပွန်ပီယို က မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို နျူးကလီယာလက်နက်နဲ့ ပစ်ခတ်နိုင်ဖို့ လအနည်းငယ်ပဲ လိုအပ်တော့တယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese/
ဟိုင်ဒရိုဂျင်ဗုံး စမ်းသပ်ရေး မြောက်ကိုရီးယား အရာရှိထပ်မံသတိပေး ဟိုင်ဒရိုဂျင်ဗုံး စမ်းသပ်ရေး မြောက်ကိုရီးယား အရာရှိထပ်မံသတိပေး Reviewed by THITHTOOLWIN on 10:57 Rating: 5
Powered by Blogger.