ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝါ့ဇ်ရှရိဖ်ကို အဂတိလိုက်စားမှုနှစ်ခုအတွက် ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
အသက် ၇၀ အရွယ်ရှိပြီးဖြစ်တဲ့ ပါကစ္စတန်ရဲ့ ၁၅ ယောက်မြောက် ဝန်ကြီးချုပ်ဟောင်း ရှရိဖ်ကို ဝန်ကြီး ချုပ်သက်တမ်းမကုန်ခင်မှာ ရာထူးကဖယ်ရှားဖို့ နိုင်ငံတော်တရားရုံးချုပ်က ပြီးခဲ့တဲ့ ဇူလိုင်လမှာ အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် သူ့ကိုပါတီရုံးခန်းမှာ ဆက်ထိုင်ခွင့်နဲ့ လာမယ့် ၂၀၁၈ ခုနှစ်ကုန်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်တွေကိုပါ ပိတ်ပင်လိုက်ပါတယ်။ ရှရိဖ်ရဲ့ ပါကစ္စတန် နာဝါ့ဇ် မွတ်စလင်အဖွဲ့ချုပ် (PML-N) ပါတီဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှာဖြစ်တယ်လို့ နိုင်ငံရေးအကဲဖြတ်တွေက အရင်ထဲက ခန့်မှန်းပြောဆိုထားပါတယ်။
ဝန်ကြီးချုပ်ဟောင်းရှရိဖ်ဟာ သူ့ရဲ့ကြီးကျယ်ခမ်းနားတဲ့နေထိုင်မှုပုံစံနဲ့ လန်ဒန်မှာရှိတဲ့သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုအဖြစ် မနှစ်ထဲက စွပ်စွဲခံခဲ့ရတာဖြစ်ပြီး စုံစမ်း စစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက် ဒီလဆန်းပိုင်းမှာ စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။ ရာထူးကဖယ်ရှားဖို့ အမိန့်ထုတ်ခံခဲ့ရတဲ့အတွက် ရှရိဖ်ဟာ ကင်ဆာဖြစ်နေတဲ့ဇနီးဖြစ်သူ ဆေးကုသခံနေတဲ့ လန်ဒန်ကနေ ပြန်လာရဖို့ဖြစ်ပေမဲ့ သူဟာ ပါကစ္စတန်ကိုမပြန်ဘဲ ဆော်ဒီအာရေးဗီးယားကို သွားခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
သူဟာအမှုရင်ဆိုင်ဖို့ ဇူလိုင်လကတည်းကနေ ဒီနေ့ထိ ပါကစ္စတန်ကို ပြန်မရောက်သေးပေမဲ့ သူ့ရဲ့ နောက်ထပ်ရုံးချိန်းကို နိုဝင်ဘာလ ၃ ၇က်နေ့ သတ်မှတ်ထားတယ်လို့ ရှရိဖ်ရဲ့ရှေ့နေက ပြောပါတယ်။
Photo: Nawaz Sharif Official
RFA Burmese
https://www.facebook.com/rfaburmese/
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝါ့ဇ်ရှရိဖ်ကို ဖမ်းဝရမ်းထုတ်
Reviewed by THITHTOOLWIN
on
21:14
Rating:
