အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များ လျှောက်ထားနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်မှုကော်မရှင် ၏ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- DICA)
    ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၁၀၀ (ခ) အရ လုပ်ပိုင်ခွင့် ကျင့်သုံး၍ မြန်မာနိုင်ငံ ခွင့်ပြုမိန့် နှင့် အတည်ပြုမိန့် ရယူခဲ့ခြင်း မရှိဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက် လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုမိန့်လျှောက်ထားနိုင်ကြောင်း အောက်တိုဘာလ  ၁၀ ရက်နေ့၊ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါလုပ်ငန်းများအနေဖြင့် ယင်းအတည်ပြုချက်ရရှိသော်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၇၅ ပါ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို တင်ပြလျှောက်ထားနိုင်မည်မဟုတ်ကြောင်း နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၇ (ခ)၊ (ဂ) နှင့် (ဃ) ပါ အကောက်ခွန်ကင်းလွတ်ခွင့် နှင့် သက်သာခွင့်များ ခံစားခွင့်ရလိုပါက လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များ လျှောက်ထားနိုင်ကြောင်း ကြေညာချက်ထုတ်ပြန် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များ လျှောက်ထားနိုင်ကြောင်း ကြေညာချက်ထုတ်ပြန် Reviewed by THITHTOOLWIN on 16:18 Rating: 5
Powered by Blogger.