တန်ဆောင်တိုင် မရောက်သေး ဟိုတယ်တည်းခိုခန်းခ ၂ ဆမြှင့်တက်


အောက်တိုဘာ ၁၀ ရက် ၂၀၁၇

တန်ဆောင်တိုင် မရောက်မှီ တစ်လအလိုတွင် တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ် နှင့် တည်းခိုခန်းခများ ဈေးနှုန်း၂ ဆ မြင့်တက်ကာအခန်းလွတ် မရှိတော့ကြောင်း သိရသည် ။

တောင်ကြီးမြို့ ပေါ်တွင် လက်ရှိ ဟိုတယ် ၃၅ လုံး၊ မိုတယ် ၃ လုံးနှင့် တည်းခိုခန်း ၆၀ လုံးရှိကြောင်း ဟိုတယ်နှင့်ခရီး သွားညွှန်ကြား မှု ဦးစီးဌာန စာရင်းများအရသိရသည် ။

"ဟိုတယ်တွေဘက်ကနေ အရမ်းကြီး မတန်တဲ့ service တွေဖြစ်နေရင်၊ service ကညံ့တယ် အခန်းခ မတရား ယူတယ်ဆိုရင်တော့ အရမ်းကြီးဖြစ် လာ ပြီဆိုရင်တော့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေ သျှမ်းပြည်နယ် အစိုးရ တို့ ပြည်ထောင်စုဝန်ကြီးဌာနတို့ ဆီတင်ပြပြီးတော့မှ လိုအပ်သလို ဆောင်ရွက်သွားရမှာပါ " ဟု ဟိုတယ်နှင့်ခရီး သွားညွှန်ကြားရေးမှူး ဦးထင်အောင်နိုင် ကပြောသည် ။

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တော်တွင် နှစ်စဉ် စည်ကား သိုက်မြိုက် စွာ ကျင်းပလေ့ရှိသည့် အထင်ကရ ပွဲတော်တစ်ခုဖြစ်သော တန်ဆောင်တိုင် မီးပုံးပျံပွဲတော် သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ဧည့်သည်များသန်းချီရှိသည့် အတွက် နှစ်စဉ်ဟိုတယ် တည်း ခိုခန်းများပြည့်လျှံ ရုံသာမက ဘုန်းကြီးကျောင်း များ၌ပါ နေရာလွတ်မရှိတော့ကြောင်းသိရသည် ။

" တောင်ကျောင်းကြီး၊ မင်းကျောင်း ၊ နဂါးပတ်ကျောင်း တွေဟာ နှစ်တိုင်း ဧည့်သည်ပြည့်တတ်တဲ့ ကျောင်းတွေပဲ ၊သောက်သုံးရေမလောက်တာမျိုးေ တွ လဲရှိတယ် တစ်ချို့လဲပွဲတော် ကာလ အတွက်နေဖို့ အိမ်လာငှါး ကြတာတွေ လဲ အများကြီးရှိတယ် ၊ အဆောင်တွေလည်းလူပြည့်ကုန်ပြီ " ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ် ကိုင်သူ နန်းလူ ကပြောသည် ။

တောင်ကြီး တန်ဆောင်တိုင် တွင် စူဠာမုနိ လောကချမ်းသာ ဘုရားပွဲ တော် ၊ရိုးရာမီးပုံးပျံ လွတ်တင် ပူဇော်ပြိုင်ပွဲ ၊ မဟာဘုံကထိန် ပွဲတော် ၊ မီးပဒေသာ လှည့်လည် ပြိုင်ပွဲ နှင့် မသိုး သင်္ကန်း ရက်လုပ်ပြိုင်ပွဲ များ ဖြင့် အောက်တို ဘာ (၂၆)ရက် မှ နိုဝင်ဘာ (၄) ရက်နေ့အထိ စည်ကားသိုက်မြိုက် စွာကျင်းပသွားမည်ဟုသိရှိရပါသည် ။

သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
တန်ဆောင်တိုင် မရောက်သေး ဟိုတယ်တည်းခိုခန်းခ ၂ ဆမြှင့်တက် တန်ဆောင်တိုင် မရောက်သေး ဟိုတယ်တည်းခိုခန်းခ ၂ ဆမြှင့်တက် Reviewed by THITHTOOLWIN on 02:43 Rating: 5
Powered by Blogger.