စစ်ကိုင်း ရတနာပုံတံတားအနီး ၈ တန်းကျောင်းသား တစ်ဦးရေနစ်သေဆုံး


စစ်ကိုင်မြို့ အ.ထ.က (၃) မှ ၈ တန်းကျောင်သား ရွာ ထောင်ရပ်နေ(ဘ)ဦးသန်းမြင့် ၏သား မောင်ဇွဲခန့်ပိုင် အသက် (၁၄)နှစ် ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့ နေလည် ၁၂နာရီခန့်က ရတနာပုံတံတားအနီး ဝါးဖောင် ပေါ်မှ သူငယ်ချင်းများနှင့် ရေချိုးစဉ် ရေနစ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ၈ တန်းကျောင်းသားလေးအား ၁း၁၅ တွင် ရှာဖွေတွေ့ရှိခဲ့ပြီး စစ်ကိုင်းလူမှုကယ်ဆယ်ရေးအသင်းမှ စစ်ကိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ကျာင်းသားလေး အသက်ရှင်ဖို့ ဝိုင်းဝန်းကြိုးစားကြသော်လည်း သေဆုံးသွားခဲ့ပါသည်။

ကျော်ထူး (စစ်ကိုင်း)
စစ်ကိုင်း ရတနာပုံတံတားအနီး ၈ တန်းကျောင်းသား တစ်ဦးရေနစ်သေဆုံး စစ်ကိုင်း ရတနာပုံတံတားအနီး ၈ တန်းကျောင်းသား တစ်ဦးရေနစ်သေဆုံး Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.