မလှိုင်မြို့တွင် မိုးရွာသွန်းမှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများရှိ

မလှိုင်မြို့တွင် မိုးရွာသွန်းမှုကြောင့် အ.ထ.က ကျောင်း ဓမ္မာရုံ နှင့် အုပ်တံတိုင်း အပြင် မြို့နယ်တွင်း အခြားဆုံးရုံးမှု ငွေကျပ် ၁၂၈ သိန်းကျော်ဖိုး ဆုံးရုံးမှု ဖြစ်ပေါ်
မလှိုင် အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် အောက်တိုဘာ ၂ ရက်နေ့ နံနက် နှစ်နာရီအချိန်ခန့်တွင် မိုးရွာသွန်းမှုကြောင့် ပျက်ဆီးဆုံးရှုံးမှု ကျပ်သိန်း ၁၂၈သိန်းကျော်ဖိုး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ယမုံနာ ဓမ္မာရုံနှင့် မေယုဆောင်အရှေ့ဘတ်ရှိ အုတ်တံတိုင်း အလျား ၁၀ ပေ အနံခြောက်ပေ ရှိ အခန်း ၁၂ခန်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မလှိုင်မြို့ မြင်းဦးလှည့်ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတွင် ၂၀၁၆-၁၇ ခု ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ခဲ့သော ၆၀ပေ×၂၁ပေ ရှိ ကွန်ကရစ်ကျောက် ရေကျော်တံတား ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ပျက်ဆီးဆုံရှုံးမှု ကျပ်သိန်း ၁၂၀ ကျော်ဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် မလှိုင်မြို့နယ် သိမ်ကုန်းချောင်းနှင့် ကုန်းတဲဆယ်မှ စီးဆင်းလာသောရေမှာ ကူကြီးကျေးရွာအုပ်စု မျက်သီးကျင်းချောင်းအတွင်း စီးဆင်းရာ ချောင်းအတွင်းရေလျံမှု ဖြစ်ပွားရာမှ ရွာရှိ စုစုပေါင်းအိမ်ခြေ ၄၇ လုံးအတွင်း ရေ နှစ်ပေခန့် တတ်ရောက်ခဲ့ကြောင်း သိရသည်။ရွာရှိ (ကျား )၈၇ ဦး (မ )၁၀၄ဦး စုစုပေါင်း (၁၉၁)ဦး တို့မှာလူ အန္တရာယ် ထိခိုက်မှု မရှိကြောင်း နှင့် တိရိစ္ဆာန်များလည်း အန္တရာယ်ကင်းရှင်းကြောင်း သိရသည်။

မိုးရေကြီးမှုကြောင့် ရေဝင်သော ကူကြီးကျေးရွာ အုပ်စု မျက်သီးကျင်း ကျေးရွာရှိ ဒေသခံပြည်သူများအား ကူကြီးကျေးရွာအုပ်စု သရက္ကန်ကျေးရွာမှ ထမင်းထုတ်များ ဝေငှခြင်း လူမှုရေးအသင်းအဖွဲ့များမှ ရေသန့်ဖူးများဝေငှခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင် ဦးစီးသော ရုံးဝန်းထမ်း ကိုးဦး မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူး သန်းထွန်းဦးစီးသော အရာရှိနှစ်ဦးနှင့်တပ်ဖွဲ့ဝင်ဆယ်ဦး မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် ခုနှစ်ဦးတို့ စုပေါင်း၍ အောက်ဆိုဘာ ၂ ရက်နေ့ နံနက် ၈နာရီခွဲအချိန်တွင် သွားရောက်၍ လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုဘို (မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မလှိုင်မြို့တွင် မိုးရွာသွန်းမှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများရှိ မလှိုင်မြို့တွင် မိုးရွာသွန်းမှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများရှိ Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.