ရေစကြို အောက်တိုဘာ ၆
ပခုက္ကူခရိုင် ရေစကြိုမြို့တွင် သီတင်းကျွတ်လပြည့်ည ၈နာရီခန့်က အမှတ် ၇ ရပ်ကွက် ၅ရာပြည့်ရပ် ယောမင်းကြီးလမ်းရှိ ဒေါ်ပေါက်စမ(ခေါ်) ဒေါ်ခင်စန်းရင်၏နေအိမ်မီးလောင်မှု့ဖြစ်ပွားခဲ့ကြောင်းသိရသည်။
မီးလောင်တာက မီးပလတ်ခုံကနေ အပူရှိန်လွန်ကဲပြီးတော့ မျက်နှာကြက်ကိုမီးပူးစပ်လောင်ကျွမ်းတာပါ ကျွန်တော်တို့မီးသတ်ကားရောက်တာမြန်တော့ သိပ်တော့မလောင်ပါဘူး ပေ၃၀×၄၀လောက်ရှိတဲ့မျက်နှာကြက်ကို ပေ ၃၀×၂၀လောက်လောင်သွားတာပါ ထုတ်တွေယောက်တွေလည်း မီးကျွမ်းသွားတယ် ဟု မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှုးကပြောသည်။
အဆိုပါမီးလောင်မှု့ဖြစ်ပွားသည့် နေအိမ်အဆောက်အဦးမှာ အုပ်ညှပ်တစ်ထပ်သွပ်မိုးအဆောက်အဦးဖြစ်သည်ဟုသိရသည်။
ညတုန်းက အဖွားက ဘုရားရှစ်ခိုးနေတာ ဘုရားကန်တော့ပြီးအပေါ်ကိုမော့ကြည့်လိုက်တော့ မီးပလတ်ခုံအထက်မျက်နှာကြက်မှာ ဆီမီးခွက်လောက်လေးမီးလောင်နေတာတွေ့တာနဲ့ ရေ၂ပုံးဆွဲလောင်းသေးတယ် မရတာနဲ့ အိမ်နီးချင်းတွေကိုလှမ်းပြောရတာ အဖွားက အိမ်မှာတစ်ယောက်ထဲနေတာ ဟု အဆိုပါနေအိမ်တွင်နေထိုင်သော အဖွားဒေါ်ပေါက်စမ (ခေါ်) ဒေါ်ခင်စန်းရင်ကပြောသည်။
အဆိုပါ မီးလောင်မှု့အား မြင်တွေ့ခဲ့သူတစ်ဦးကိုမေးမြန်းကြည့်ရာတွင် မနေ့ညက ရပ်ကွက်ထဲက လူတွေက မြို့ဝင်ကဘုရားသွားနေကြတာ ဘယ်သူမှမရှိကြဘူး မီးလောင်တယ်ဆိုတော့ မီးကူငြိမ်းမဲ့သူမရှိဘူး ဒါနဲ့ မီးသတ်ရုံးလှမ်းပြီးဖုန်းဆက်ကြတာ မီးသတ်ကားရောက်လာပြီးနောက်မှ လာကြည့်တဲ့လူတွေ ၁ထောင်ကျော်လောက်ရောက်လာကြတာ မီးသတ်ကားရောက်တာလည်းမြန်တော့မီးက ခဏနဲ့ငြိမ်းသွားတာပါ ဘေးအိမ်တွေကူးစပ်တာမျိုးမရှိပါဘူး ဟု အဆိုပါ နေအိမ်အနီးနေထိုင်သူ အမျိုးသမီးတစ်ဦးကပြောသည်။
အိမွန်ဆွေ (ရေစကြို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေစကြိုမြို့နယ်တွင် သီတင်းကျွတ်လပြည့်ညက နေအိမ်မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:15
Rating:
