၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ ၁၄၁၅ အချိန် မကွေးမြို့၊ ရန်ကင်းရပ်ကွက်နေ ကထိန်ဒါယကာ ဦးကျော်ဝင်းနှင့် မိသားစုတို့ လှူဒါန်းသည့် ရေစက်ချတရားပွဲတွင် ဘုန်းကြီးကျောင်း ကြမ်းခင်းပြိုကျမှုကြောင့် အမျိုးသမီး(၁၉)ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရပါသည်။
အဆိုပါအလှူပွဲပြုလုပ်သည့် စိတ္တသုခရွာဦး ဘုန်းကြီးကျောင်း၌ ဆရာတော် ဉူးအိနြေ္ဒဘာသမှ တရားဟောကြားပြီး တရားနာ ပရိတ်သတ် (၅၀)ဦးခန့် ကျောင်းပေါ်မှ ဆင်းရန်ပြုစဉ် အကျယ်(၁၀)ပတ်လည်ခန့် (၂)ခန်းပျဉ်ကြမ်းခင်း အောက်ရှိ အရှေ့ဘက်ဆုံးယက်မ(၂)ချောင်းမှာ ကျိုးကျသဖြင့် တစ်ရပ်ကွက်တည်းနေ ဒေါ်ကြည်၊ (၄၇)နှစ်၊ ဗမာ/ဗုဒ္ဓ၊ တောင်သူ၊ (ဘ) ဦးသံချောင်းပါ မ(၁၉)ဦးတွင် ဖူးရောင်နာကျင် ဒဏ်ရာများ (မစိုးရိမ်ရ)တို့ရရှိ၍ မကွေးမြို့ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူလျက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
မကွေးမြို့၌ ဘုန်းကြီးကျောင်း ကြမ်းခင်းပြိုကျမှုကြောင့် အမျိုးသမီး(၁၉)ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
15:45
Rating:
