(၅)တန်းကျောင်းသားတစ်ဦး မုန့်စားဆင်းချိန်မှာ အိမ်ပြန်ပြီး ကြိုးဆွဲချသေဆုံး


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မှာ အောက်တိုဘာလ (၃၀) ရက်နေ့မွန်းတည့် (၁၂)နာရီကျော်မှာ ငါးတန်းကျောင်းသားတစ်ဦးကြိုးဆွဲသေဆုံးမှုဖြစ်ပွားခဲ့ပါတယ် ။

ဖြစ်စဉ်မှာ ကြိမ်ခါးကုန်းကျေးရွာနေ အ.မ.က မူလွန် ကြိမ်ခါးကုန်းကျောင်း ပဉ္ဓမတန်းမှာ ပညာသင်ကြားနေတဲ့ အဘ ဦးလှမြင့် ရဲ့သား မောင်နေသူရိန် ၊ အသက် (၁၃) နှစ် (၄) လဟာ ကျောင်းဆင်းချိန်မှာ လွယ်အိပ်ကို စာသင်ခန်းမှာထားခဲ့ကာ နေအိမ်ကို ထမင်းစားပြန်လာပြီးနောက် အိမ်ပေါ်ရှိ အမြင့် (၆ပေ ၉ လက်မ) ရှိထုတ်တန်းမှာ သုံးမူးလုံးခန့် အရှည် (၁၁) ပေခန့် ရှိ နိုင်လွန်ကြိုးကို ကွင်းချောပြုလုပ်ကာ အမြင့် (၁၀) လက်မ ခန့်ရှိ ခုံပေါ်ကနေ ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့သိရပါတယ်။

 ရုပ်အလောင်းမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဖူးလို့လဲ ရဲစစ်တမ်းတွေက ဆိုထားပါတယ် ။ ဆွဲကြိုးချ သက်သေခဲ့တဲ့ ကလေးငယ် ရဲ့ စိတ်နေစရိုက်လက္ခဏာကို အိမ်နီးချင်းတစ်ဦးက အခုလိုပြောပြပါတယ် ။
 "ခလေးကလူအေးလေးဗျ ကျောင်းမှာလည်းအေးဆေးနေတယ် သူ့ကိုယ်ဝန်ကို သူအမေလွယ်ထားချိန်မှာ သူ့အဖေက သူ့အမေကို ထားပြီးထွက်သွားတာ ပြီးခဲ့တဲ့ တစ်နှစ်ကမှပြန်ရောက်လာတယ်လေ ။ ခုလည်းဘယ်ရောက်မှန်းမသိဘူး သူ့အမေလည်းထွက်သွားတာကြာပြီ ခုသေတဲ့ခလေးက သူ့အမအိမ်မှာနေတာလေ သူ့အမကလည်း အိမ်ထောင်ကွဲနေတာ တော်တော်နွမ်းပါကြပါတယ်။ သူ့ဦးလေးကလည်း ခုလို နည်းနဲ့ သေသွားတာပဲ"လို့ ဆိုပါတယ်။

သတင်းထောက် …………. ဖြိုးကိုလင်း (ညောင်ဝိုင်း)
5 PLUS NEWS
https://www.facebook.com/5plusnews/
(၅)တန်းကျောင်းသားတစ်ဦး မုန့်စားဆင်းချိန်မှာ အိမ်ပြန်ပြီး ကြိုးဆွဲချသေဆုံး (၅)တန်းကျောင်းသားတစ်ဦး မုန့်စားဆင်းချိန်မှာ အိမ်ပြန်ပြီး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 16:32 Rating: 5
Powered by Blogger.