လင်မယားချင်းစကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ပေါက်တူးဖြင့် ခုတ်သတ်မှုဖြစ်ပွား


ပဲခူးမြို့၊ အမှတ်(၂)နယ်မြေ ရဲစခန်းအပိုင် ကျုံပကန်ကျေးရွာ၊ ကျိုက်ဒေးယုံကျေးရွာအုပ်စုတွင် (၁၃.၁၀.၂၀၁၇) အောက်တိုဘာလ ၁၃ရက်နေ့ ညနေ (၆း၃၀)အချိန်ခန့်က လင်မယားခြင်းစကားများရာမှ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

 ဖြစ်စဉ်မှာ ဦးသန်းငွေ(၅၁)နှစ်၊ ကျုံပကန်ကျေးရွာ၊ ကျိုက်ဒေးယုံကျေးရွာအုပ်စု၊ ပဲခူးမြို့နယ်နေသူမှ ဇနီးဖြစ်သူ ဒေါ်ဌေးဌေး(၄၁)နှစ်၊ ကျုံပကန်ကျေးရွာ၊ ကျိုက်ဒေးယုံကျေးရွာအုပ်စု၊ ပဲခူးမြို့နယ်နေသူအား လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲကာ တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်ကြကြောင်း သိရသည်။

ရန်ဖြစ်စဉ် ဦးသန်းငွေမှ သစ်သားရိုး အရှည်(၃)ပေ၊ ပေါက်ပြားဖြင့် ခုတ်ခဲ့ရာ ဒေါ်ဌေးဌေးတွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ သွေးထွက် ဒဏ်ရာရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ လမ်းတွင် သေဆုံး သွားခဲ့သဖြင့် စခန်းမှ(ပ)၈၃၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Ko Thant Zin

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ