ပြည်တွင်း လုံခြုံရေးကို ဘယ်လောက် ခြိမ်းခြောက်နေပြီလဲ


ဖြိုးကိုကိုတင့်ဆန်းကို ဖမ်းထားတဲ့ လက်နက်နဲ့ မူးယစ်ဆေး အမှုမှာ နေပြည်တော် လေဆိပ်နဲ့ ACE ဟိုတယ်ကနေ ပစ္စတိုသေနတ် ၉ လက် စုစုပေါင်း သိမ်းမိခဲ့ပြီး ၊ လက်နက်တွေနဲ့ အတူ ကျည်ကာ အင်္ကျီ စနိုက်ပါ မှန်ပြောင်း နဲ့ ကျည်ဆံတွေ တွေကိုလည်း သိမ်းမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

ရန်ကုန်မှာလည်း သာကေတမြို့နယ် ရှုခင်းသာပတ်လမ်း မှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်း ရဲ့ အေစီးအီး လုပ်ငန်းစု ကုမ္ပဏီ ရုံးခန်းကို ဝင်ရောက်ပြီး (၆) နာရီကျော်ကြာ ရှာဖွေခဲ့ အပြီးမှာတော့ သေနတ် (၂) လက်နဲ့ အတူ National Security အေဂျင်စီ အထူးတပ်ဖွဲ့ (အမျိုးသားလုံခြုံရေး အေဂျင်စီ အထူးတပ်ဖွဲ့)လို့ တံဆိပ်တပ်ထားတဲ့ ဝတ်စုံတွေ၊ ဒရုန်းတွေ နဲ့ စကားပြောစက်တွေ အပြင် ရုံးခန်းရှေ့မှာ ရပ်ထားတဲ့ National Security အေဂျင်စီ တံဆိပ်ကပ်ထားတဲ့ ကား (၂)စီးကို လည်း ရဲတွေက သိမ်းခဲ့ပါတယ်။

အဲဒီ အမျိုးသား လုံခြုံရေး အေဂျင်စီ ဆိုတဲ့ နာမည်မျိုးနဲ့ တရားဝင် အဖွဲ့မျိုး မရှိဘူးဆိုပြီး လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်နက်ကိုင်ဆောင်တာကို တင်းကြပ်တဲ့ ဥပဒေ စည်းမျဉ်းတွေ လျော့ရဲ နေပြီး အရင် အာဏာပိုင် လူကြီးတွေရဲ့ သားသမီး အသိုင်းအဝိုင်းထဲ လက်နက်တွေ ဖောဖောသီကို ကိုင်ကြတာမျိုး ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိ အချိန်မှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ အရပ်သား ဦးဆောင်တဲ့ အစိုးရ အနေနဲ့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲ နေတယ်လို့လည်း သုံးသပ်နေကြပါတယ်။
အခုလို လက်နက်တွေ သိမ်းဆည်းမိတာဟာ ပြည်တွင်း လုံခြုံရေး အပေါ် ဘယ်လောက် ခြိမ်းခြောက်မှု အန္တရာယ် ရှိပါသလဲ။

တပ်မတော်မှာ နှစ်ပေါင်း များစွာ တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး လုံခြုံရေး ကိစ္စတွေကို ကိုယ်တိုင်ကိုယ်ကျ တာဝန် ယူခဲ့ဖူးသူ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ၂ မဲဆန္ဒနယ်မြေက လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက တရားမဝင် လက်နက်ကိုင်ဆောင်မှု အခြေအနေနဲ့ လုံခြုံရေး ဆိုင်ရာ စိုးရိမ်ရမှုတွေကို သုံးသပ် ထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
ပြည်တွင်း လုံခြုံရေးကို ဘယ်လောက် ခြိမ်းခြောက်နေပြီလဲ ပြည်တွင်း လုံခြုံရေးကို ဘယ်လောက် ခြိမ်းခြောက်နေပြီလဲ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.