ထန်းကုန်းနှင့်​ ကန့်​ဘလူဘူတာကြား ကုန်​ရထား တွဲ​ချော်​မှုဖြစ်​ပွား


ကန့်​ဘလူ ​အောက်​တိုဘာ ၃၀

စစ်​ကိုင်းတိုင်း​ဒေသကြီး ကန့်​ဘလူမြို့နယ်​တွင်​​အောက်​တိုဘာ ၂၉ ရက်​ ၂ နာရီခွဲခန့်​က ထန်းကုန်းဘူတာနှင့်​ကန့်​ဘလူဘူတာကြား မိုင်​တိုင်​အမှတ်​ ၄၈၇/၂၄ အ​ရောက်​တွင်​ ကုန်​ရထားအမှတ်​ ၉၃၇ ကုန်​တွဲအဆန်​ရထားသည်​ ကုန်​တွဲလေးတွဲ​ချော်​ကျမှုဖြစ်​ပွားခဲ့ရာ မန္တ​လေး-မြစ်​ကြီးနား မီးရထားလမ်းမှာ ပိတ်​ဆို့သွားခဲ့​​ကြောင်းသိရသည်​။

အဆိုပါကုန်​ရထားတွဲ​ချော်​မှု​ကြောင့်​ ကန့်​ဘလူဘူတာတွင်​ မြစ်​ကြီးနား-မန္တ​လေး အစုန်​အမြန်​ရထားအမှတ်​ ၅၈ သည်​ ရပ်​တန့်​ထားရပြီး၊ ထန်းကုန်းဘူတာတွင်​ မန္တ​လေး-မြစ်​ကြီးနား အဆန်​အမြန်​ရထား အမှတ်​ ၅၇ မှာလည်းရပ်​တန့်​ထားရသည်​။

အောက်​တိုလာ ၃၀ ရက်​နံနက်​ ၁၁ နာရီခွဲတွင်​ကန့်​ဘလူခရိုင်​၊မြို့နယ်​တာဝန်​ရှိသူများသည်ုမြန်​မာ့မီးရထားမှ ချော်​ကျတွဲများပြန်​လည်​မတင်​​နေမှု၊ သံလမ်းများပြုပြင်​​နေမှုတို့ကိုကြည့်​ရှုပြီး၊ရထားနှစ်​ဆင်း​ပေါ်မှခရီးသည်​များအား ​ပြောင်းရွှေ့​နေမှုကိုဝိုင်းဝန်း​ဆောင်​ရွက်​​ပေးသည်​။

အမှတ်​ ၅၇ ရထားသည်​ အစုန်​အမြန်​ရထားအမှတ်​ ၅၈ဖြင့်​ မန္တ​လေးဘက်​သို့လည်း​ကောင်း၊ရထားအမှတ်​ ၅၈ သည်​ မြစ်​ကြီးနားဘက်​သို့ အဆန်​အမြန်​ရထား အမှတ်​ ၅၇ ဖြင့်​လည်း​ကောင်း၁၂ နာရီခွဲတွင်​ထွက်​ခွာသွားခဲ့​ကြောင်းသိရသည်​။

အဆိုပါကုန်​ရထားတွဲလမ်း​ချော်​မှု​ကြောင့်​ လမ်းပိတ်​ဆို့သွား​သော မန္တ​လေး-မြစ်​ကြီးနားမီးရထားလမ်းအား ​ပြန်​လည်​ပြုပြင်​ပြီး၍ အောက်​တိုဘာ ၃၀ ရက်​ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်​တွင်​ မီးရထားများပုံမှန်​ပြန်​လည်​​ပြေးဆွဲလျက်​ရှိ​ကြောင်းကန့်​ဘလူမီးရထားဘူတာ တာဝန်​ရှိသူတစ်​ဦးထံမှသိရသည်​။

အောင်​ဝင်းငြိမ်း(ကန့်​ဘလူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထန်းကုန်းနှင့်​ ကန့်​ဘလူဘူတာကြား ကုန်​ရထား တွဲ​ချော်​မှုဖြစ်​ပွား ထန်းကုန်းနှင့်​ ကန့်​ဘလူဘူတာကြား ကုန်​ရထား တွဲ​ချော်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.