စစ်တွေအကျဉ်းဦးစီးဌာနမှ တပ်သားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများလက်ဝယ်ဖမ်းဆီးရမိ


ရခိုင်ဂေဇက်၊အောက်တိုဘာလ(၁၀)

ရခိုင်ပြည်နယ်စစ်တွေမြို့၊ အကျဉ်းဦးစီးဌာန၌ တာဝန်ထမ်းဆောင်လျှက်ရှိသော တပ်သားတစ်ဦးထံမှWY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများကို အောက်တိုဘာလ(၉) ရက်နေ့ ညနေ ၉ နာရီကျော်အချိန်က အကျဉ်းထောင်ဦးစီးဌာနမှ တာဝန်ရှိသူများက လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများအားလက်ဝယ် ဖမ်းဆီးရမိခဲ့သူမှာ အကျဉ်းထောင်တွင်တာဝန်ထမ်းဆောင်နေသည့် အောင်ဇော်လွမ်း အသက်(၄၇) နှစ်ဖြစ်ပြီး ညလှည့်ကင်းဆောင်ရွက်နေစဉ် ၄င်းကိုင်ဆောင်လာသော အားသွင်းဓာတ်မီးအတွင်း အပြာရောင်ကပ်ခွာ အိပ်နှင့် ထည့်သွင်းထားသော WYဆေးပြား များအား အကျဉ်းထောင်တံခါးကြီးအတွင်း တာဝန်မှူး လ/ထ ကြီးကြပ်ရေးမှူးနှင့် တံခါးတာဝန်ကျ တပ်ကြပ်ကြီးတို့မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့မရဲစခန်းမှ သိရှိရသည်။

“တပ်သားကိုင်ဆောင်လာတဲ့ အားသွင်းဓါတ်မီးအထဲမှာ တွေ့တာပါ။ အဲဒီဓါတ်မီးအတွင်းမှာ အပြာရောင် ကပ်ခွာအိပ်နှင့် ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြားလို့ယူဆရတဲ့ ဆေးပြားပေါင်း ၁၉၅ ပြား၊ ၂ ခြမ်း ကိုသိမ်းဆည်းဖမ်းမိခဲ့ပါတယ်။ စုစုပေါင်းကာလတန်ဖိုး ကျပ် ၅၈၈၀၀၀ ဖြစ်ပါတယ်။” ဟု စစ်တွေ အကျဉ်းထောင်ဦးစီးဌာနမှ ကြီးကြပ်ရေးမှူးမင်းဇော်ဦးက ဆိုသည်။

ဆေးပြားများ လက်ဝယ် ဖမ်းဆီးရမိသူ အောင်ဇော်လွမ်းအား အကျဉ်းထောင်ဦးစီးဌာန ကြီးကြပ်ရေးမှူးမင်းဇော်ဦးမှ တရားလိုပြုလုပ်၍ တိုင်ကြားထားပြီး စစ်တွေမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အေးသန္တာ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
စစ်တွေအကျဉ်းဦးစီးဌာနမှ တပ်သားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများလက်ဝယ်ဖမ်းဆီးရမိ စစ်တွေအကျဉ်းဦးစီးဌာနမှ တပ်သားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများလက်ဝယ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:26 Rating: 5
Powered by Blogger.