ဗီယက်နမ်၌ ရထားနှစ်စင်းတိုက်မှုဖြစ်ပွားရာ ၆ ဦးသေ ၊ ၁ဝ ဦး ဒဏ်ရာရ

ဗီယက်နမ်နိုင်ငံ၌ Nam Dinh ပြည်နယ်၌ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သော ရထားတိုက်မှုမြင်ကွင်းတစ်ခုအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဟိုချီမင်း ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

    ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Tay Ninh ပြည်နယ်၌ ယနေ့ (အောက်တိုဘာ ၂ ရက်) နံနက်အစောပိုင်းတွင် ရထား နှစ်စင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားရာ လူ ၆ ဦးသေဆုံးပြီး အခြား ၁ဝ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၁၆ ဦးထိုင် လူစီးရထားတွဲ နှင့် ၃၅ ဦးထိုင်  လူစီးရထားတွဲ တို့ သည် Duong Minh Chau ခရိုင်အတွင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဒဏ်ရာရသူများကို Tay Ninh ဆေးရုံး နှင့် ဟိုချီမင်းဆေးရုံများသို့ ပို့ ဆောင်ပေးထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ကဆိုသည်။

အဆိုပါ လူစီးရထားငယ်အတွင်း လိုက်ပါလာသူအားလုံးမှာ နိုင်ငံတောင်ပိုင်းရှိ An Giang ဒေသမှ ဖြစ်ကြောင်း နှင့် ၄င်းတို့ သည် Tay Ninh ပြည်နယ်အတွင်းရှိ ဘုရားစေတီတစ်ဆူသို့ သွားရောက် ဖူးမျှော်ရန် ထွက်ခွာလာစဉ် ရထားတိုက်မှုနှင့်ကြုံတွေ့ ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ဇန်နဝါရီလ မှ စက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံ၌ ယာဉ်မတော်တဆမှုပေါင်း ၁၄,၃၅၂ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၆,၁၂၂ ဦးသေဆုံးကာ ၃,၄၈၉ ဦးမှာ ဒဏ်ရာအပြင်းအထန် နှင့် ၈,၂၇၀ ဦးမှာ ဒဏ်ရာအနည်းငယ် အသီးသီးရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံယာဉ်ထိန်းရဲဌာနက ထုတ်ပြန်ထားသည်။

(Xinhua)
http://www.xinhuamyanmar.com
ဗီယက်နမ်၌ ရထားနှစ်စင်းတိုက်မှုဖြစ်ပွားရာ ၆ ဦးသေ ၊ ၁ဝ ဦး ဒဏ်ရာရ ဗီယက်နမ်၌ ရထားနှစ်စင်းတိုက်မှုဖြစ်ပွားရာ ၆ ဦးသေ ၊ ၁ဝ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.