ရန်ကုန်၊ အောက်တိုဘာ ၅
အောက်တိုဘာ ၄ ရက်နေ့ ည ၈း၄၀ အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ ဦး----သည် ၎င်းပိုင် Nissan Sallon အမျိုးအစားကိုယ်ပိုင်ယာဉ်အား သင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့်ရပ်ကွက်၊ မဟာသိပ္ပံလမ်းထိပ်တွင်ရပ်ပြီး ဇနီးဖြစ်သူမှ ကလေးအားကျောင်းကြိုရန်သွားရောက်နေသဖြင့်
စောင့်ဆိုင်းနေပြီး ပိုက်ဆံအိတ်အား ၀ဲဘက် ချိုင်းကြားတွင်ညှပ်၍ ဖုန်းပြောရန်ပြင်ဆင်နေစဉ် ရုတ်တရက် လူငယ်အမျိုးသားနှစ်ဦးတို့ ရောက်ရှိလာပြီး ၎င်းကိုတွန်းလှဲကာ ဆင်းကတ်ပါ Vivo အမျိုးအစားလက်ကိုင်ဖုန်း၊ ငွေကျပ်တစ်သိန်းခန့်နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့်ကတ်များထည့်ထားသော ပိုက်ဆံအိတ်တို့အား လုယူထွက်ပြေးသွားသဖြင့် ပတ်ဝန်း ကျင်နေသူ များမှ ၀ိုင်းဝန်းဖမ်းဆီးရာ လုယက်ယူဆောင်နိုင်ရန် စောင့်ကြည့်ပေးသူ သင်္ဃန်းကျွန်းမြို့နယ်နေ ကောင်းခန့်ဦး(ခ)ကေလာ (၁၉)နှစ်အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးမိသူအား စစ်ဆေးခဲ့ရာ ၎င်းနှင့်အတူ ပစ္စည်းများ လုယူထွက်ပြေး သွားသူများမှာ သင်္ဃန်းကျွန်းမြို့နယ်နေ ရွှေလုံးနှင့် အောင်ကိုကိုတို့ဖြစ်ကြောင်း၊ လုယူထားသည့် ပိုက်ဆံအိတ်နှင့်
လက်ကိုင်ဖုန်းမှာ ၎င်းတို့နှင့်အတူပါသွားကြောင်း ပေါ်ပေါက်ခဲ့ဖြင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ နံနက် ၁ နာရီအချိန်ခန့်တွင် အောင်ကိုကိုအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘုန်းကြီးကျောင်းကွေ့ ကားမှတ်တိုင်အနီးတွင် အမှုမှပါဆုံး လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ယင်းသို့ ဖမ်းဆီးရမိခဲ့သဖြင့် အောင်ကိုကို၊ ကောင်းခန့်ဦး(ခ)ကေလာနှင့် ရွှေလုံးတို့အား သင်္ဃန်းကျွန်းမြို့မ ရဲစခန်း(ပ)၈၈၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ထွက်ပြေး လွတ်မြောက်နေသူ ရွှေလုံးအား အမြန်ဆုံးဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Yangon Police
https://www.facebook.com/yangonpolice
သင်္ဃန်းကျွန်းမြို့နယ်တွင် ပစ္စည်းလုယက် ယူဆောင် ထွက်ပြေးသွားသူ လူငယ်သုံးဦးအနက် နှစ်ဦးအား ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
10:57
Rating:
