ဘူးသီးတောင်မြို့နယ်၊ မိကျောင်းဈေးကျေးရွာရှိ လူနေအိမ်များအား ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားက မီးရှို့ဖျက်ဆီး
နေပြည်တော်၊ အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၄ ရက် နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် မိကျောင်းဈေးကျေးရွာ၌ မီးလောင်မှုဖြစ်ပွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ ရွာသူ၊ ရွာသားများက ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် လူနေအိမ် ၇ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀ ခန့်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းချက်များအရ မီးရှို့သူမှာ ကျေးရွာနေ အီနု(ဘ) ဦးမာမတ်ဆွေရိန် ဖြစ်ပြီး ၎င်းင်းမှာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ဘင်္ဂါလီများအား တစ်ဖက်နိုင်ငံသို့ ထွက်ပြေးရန် လိုက်လံစည်းရုံးလှုံ့ဆော်သူဖြစ်ကြောင်းနှင့် ယခုအခါတစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ဘဇာရဲစခန်း၌ အမှုဖွင့်ထားရှိပြီး အီနုအားဖမ်းဆီး ရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ဘူးသီးတောင်မြို့နယ်၊ မိကျောင်းဈေးကျေးရွာရှိ လူနေအိမ်များအား ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားက မီးရှို့ဖျက်ဆီး
Reviewed by THITHTOOLWIN
on
19:10
Rating:
