![]() |
ARSA သတ်ဖြတ်ခဲ့တဲ့ ဟိန္ဒူ ဘာသာဝင် တချို့ရဲ့ မိသားစု ဝင်များ |
ARSA အဖွဲ့ အနေနဲ့ မြန်မာ အစိုးရနဲ့ စေ့စပ်ညှိ နှိုင်းမူ့တွေ လုပ်ဖို့ အဆင့်သင့် ရှိနေပြီလို့ ပြောဆိုလာ ချိန်မှာပဲ ကာကွယ်ရေး ဝန်ကြီးက အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
ARSA စစ်သွေးကြွ အဖွဲ့ အနေနဲ့ပြီးခဲ့တဲ့ လကုန်ပိုင်းက ဘူးသီးတောင် မောင်တော ဒေသက ရဲစခန်း ၃၀ ကျော်ကို အကြမ်းဖက် တိုက်ခိုက်ခဲ့ပါတယ် ဒါအပြင် ဒေသခံ ဟိန္ဒူ ဘာသာဝင် အချို့ကို လည်း သတ်ဖြတ် ခဲ့ပါတယ်။
အကြမ်းဖက် တိုက်ခိုက်မူတွေပြုလုပ်ပြီးတဲ့ နောက်မှာတော့ ဘူးသီးတောင် မောင်တောနဲ့ရသေ့ တောင်မြို့ နယ်တွေမှာ နေထိုင်တဲ့ မွတ်ဆလင် တွေဟာ ဘင်္ဂလားဒေရှ် နိုင်ငံကို သိန်းချီ ထွက်ပြေးခဲ့ကြ ပါတယ်။
အဲဒီလို ထွက်ပြေးပြီးတဲ့ နောက်မှာတော့ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမူ အကူအညီတွေ ပေးနိုင်ဖို့ အတွက် တစ်လ တိတိ အပစ်အခတ်ရပ်စဲ ထားမယ်လို ARSA ကြေငြာခဲ့တာ အခုလို တလ ပြည့်ခါနီး ပါပြီ အဲဒီလို တစ်လပြည့် ခါနီးမှာပဲ အစိုးရနဲ့ စေ့စပ် ညှိနှိုင်းရေးတွေ လုပ်ဖို့ အဆင့်သင့်ဖြစ်ပြီလို့ARSA အဖွဲ့ ကပြောဆိုလာတာပါ။
အဲဒီလိုပြောဆိုလာတဲ့နဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌါန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက အကြမ်းဖက် အဖွဲ့တွေကို ဘယ်အစိုးရ ကမှ စကားပြောတာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နယ်မြေ ဧရိယာ ကြယ်ဝန်းတဲ့ အတွက် ARSA အဖွဲ့ အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေ ထပ်မံ မလုပ်ဘူးလို့တော့ မပြောနိုင်ပေမဲ့ သူတို့ဘက် ကတော့ ထိခိုက်မူ နည်းအောင် တော့ အတတ်နိုင်ဆုံး လုပ်ဆောင် နေတယ် လို့လည်း ဝန်ကြီးက ဆိုပါတယ်။
အစိုးရနဲ့ ARSA အဖွဲ့ ကြား စေ့စပ် ညှိနှိုင်းမူတွေ ဖြစ်မလာခဲ့ရင် ဘယ်လို ဆက်ဖြစ်လာနိုင်မလဲလို့ မကြာ သေးခင်ရက်ပိုင်းက မောင်တော ဒေသက ပြန်လာ ခဲ့တဲ့ တိုင်းရင်းသား အရေးလေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုးကိုမေးကတော့ လက်ရှိမှာ တော့ နယ်မြေ အခြေအနေ က တည်ငြိမ်စ ပြုလာပြီဖြစ်တဲ့ အတွက် အကြမ်းဖက် တိုက်ခိုက်မူ ဖြစ်ပွါး တဲ့ အချိန်က မြို့ပေါ် တိမ်းရှောင် လာတဲ့ ဒေသခံ အချို့ဟာ ကိုယ်ရပ်ရွာ ကို ပြည်လည် သွားရောက်သူ အချို့ရှိလာပါပြီ။
သို့သော်လည်း ဒေသခံ အများစုက တော့ နောက်ထပ် အကြမ်းဖက်မူတွေ ထပ်ဖြစ်လာမှာ ကိုတော့ စိုးရိမ်မူတွေ ရှိနေကြပါတယ်။
BBC Burmese
http://www.bbc.com/burmese
ARSA အစွန်းရောက်တွေနဲ့ စကားပြော ဖို့မရှိ
Reviewed by THITHTOOLWIN
on
22:50
Rating:
