ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ လုယူသွားသည့် မြင်းလွတ်ရဲကင်းစခန်းမှ သေနတ် ၂ လက်ပြန်လည်ရှာဖွေတွေ့ရှိ


နေပြည်တော်၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြင်းလွတ်(ရွာသစ်)ကျေးရွာ၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါ၍ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းတွင် လူဦးရေတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိစဉ် အဆိုပါကျေးရွာရှိ လူနေထိုင်ခြင်းမရှိသော အဒူလာကိန်း(ဘ) မော်ခလောက်၏ နေအိမ် နောက်ဖေးခြံဝင်းအတွင်း မသင်္ကာဖွယ်မြေကြီးများပွနေသဖြင့် တူးဖော်ကြည့်ရာ ပီနံအိတ်ဖြင့် ထည့်ထားသော ဘီအေ-၉၄ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၃၈ ဗို့ခြောက်လုံးပြူး သေနတ် ၁ လက်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။


တိုက်ဆိုင်စစ်ဆေးချက်များအရ အဆိုပါလက်နက်များသည် သြဂုတ် ၂၅ ရက်တွင် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲကင်းစခန်း ၃၀ ခုအား တစ်ချိန်တည်း တစ်ပြိုင်တည်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ၌ မြင်းလွတ်ရဲကင်းစခန်းမှ ပါရှိသွားခဲ့သည့် လက်နက်များဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ လုယူသွားသည့် မြင်းလွတ်ရဲကင်းစခန်းမှ သေနတ် ၂ လက်ပြန်လည်ရှာဖွေတွေ့ရှိ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ လုယူသွားသည့် မြင်းလွတ်ရဲကင်းစခန်းမှ သေနတ် ၂ လက်ပြန်လည်ရှာဖွေတွေ့ရှိ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.