နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်၏ လုပ်ဆောင်ချက်များအား လူထု ထောက်ခံပွဲနှင့် ARSA ၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချပွဲ တာချီလိတ်၌ ကျင်းပ


တာချီလိတ် အောက်တိုဘာ ၁၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် တို့၏လုပ်ဆောင်ချက်များအား လူထုထောက်ခံပွဲနှင့် ARSA ၏ အစွန်းရောက်အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ အောက်တိုဘာ ၁၄ ရက်၊ နံနက် ၈ နာရီ က တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ ရှမ်းရိုးမကွင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။


 ရှေးဦးစွာ တက်ရောက်လာသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေ က ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။


 ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် တို့၏ လုပ်ဆောင်ချက်များအား ထောက်ခံခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဘာသာအလိုက် ထုံးတမ်းစဉ်လာများနှင့် အညီ ဆုတောင်းမေတ္တာပို့သခြင်း နှင့် ARSA တို့၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချခြင်းတို့ကို ဗုဒ္ဓဘာသာဝင်များကိုယ်စား သာသနာ့ဂုဏ်ရည်ကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တ ဓမ္မ ကလည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်များကိုယ်စား သိက္ခာတော်ရဆရာ ဆရာ ဦးစီလျံအား ကလည်းကောင်း၊ အစ္စလာမ် ဘာသာဝင်များကိုယ်စား ဟာဂျီမော်လ၀ီဟာစံအလီ ဆရာကိုကိုနိုင် ကလည်းကောင်း၊ ဟိန္ဒူ(ပဋိစ)ဘာသာဝင် များကိုယ်စား ဦးတာနေစိုး ကလည်းကောင်း အသီးသီး ဟောပြောသည်။


 ယင်းနောက် ရှမ်းရိုးမကွင်းမှတဆင့် ချစ်ကြည်ရေးတံတားအမှတ်(၁)အနီးရှိ အ၀ိုင်းအား ပတ်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် တို့၏လုပ်ဆောင်ချက်များအား ထောက်ခံကြောင်း နှင့် ARSA တို့၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချခြင်းတို့ကို စီတန်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်၏ လုပ်ဆောင်ချက်များအား လူထု ထောက်ခံပွဲနှင့် ARSA ၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချပွဲ တာချီလိတ်၌ ကျင်းပ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်၏ လုပ်ဆောင်ချက်များအား လူထု ထောက်ခံပွဲနှင့် ARSA ၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချပွဲ တာချီလိတ်၌ ကျင်းပ Reviewed by THITHTOOLWIN on 14:34 Rating: 5
Powered by Blogger.