ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိ

မောင်တောမြို့နယ်၊ ဘိုဘာကျေးရွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိ
နေပြည်တော် အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘိုဘာကျေးရွာ အစွန်ရှိ ရေကန်အနီး၌ မြေကြီးများပွနေသဖြင့် တူးဖော် ရာမှ မိုင်းများတွေ့ရှိကြောင်း ဒေသခံများ၏ အကြောင်းကြားချက်အရ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက် ထားသည့် အချင်း ၅ လက်မ၊ အလျား ၈ လက်မခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ် မိုင်းငါးလုံးနှင့် အချင်း ၃ လက်မ၊ အလျား ၅ လက်မခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းနှစ်လုံး၊ စုစုပေါင်း လက်လုပ်မိုင်း ခုနစ်လုံးတို့ကိုတူးဖော်တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။


အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိ Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.