ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ထောင်ထား သည့်မိုင်းတစ်လုံး တွေ့ရှိ

မောင်တောမြို့နယ်၊ ဇင်ပိုင်ညာကျေးရွာရှိဗလီရှေ့၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ထောင်ထား သည့်မိုင်းတစ်လုံး တွေ့ရှိသိမ်းဆည်းရမိ
နေပြည်တော် အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းတရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဇင်ပိုင်ညာကျေးရွာရှိ ဗလီရှေ့လူသွားလမ်း၏ဘယ်ဘက်မြေပြင်ပေါ်၌ မသင်္ကာဖွယ်ဝါယာကြိုးစတွေ့ရှိသဖြင့် ရှင်းလင်းရာ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ထောင်ထားသည့် အချင်း ၁ ဒသမ ၅ လက်မ၊ အလျား ၉ လက်မခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံး၊ ဓာတ်ခဲခြောက်တစ်ခုနှင့် ရီမုဆားကစ်ပြားတစ်ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ထောင်ထား သည့်မိုင်းတစ်လုံး တွေ့ရှိ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ထောင်ထား သည့်မိုင်းတစ်လုံး တွေ့ရှိ Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.