မောင်တောမြို့နယ်၊ မြဇင်ကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများတွေ့ရှိ


နေပြည်တော်၊ အောက်တိုဘာ - ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ ၀င်များ သည် ယနေ့ ညနေ ၃ နာရီခန့်တွင် မြဇင်ကျေးရွာသို့ရောက်ရှိစဉ် ဒေသခံများ၏သတင်းပေးချက်အရ မီးလောင် ထားသော နေအိမ်ခြံဝင်းအတွင်းမှ မြေသားများပွနေသောနေရာအား မင်္သကာသဖြင့် တူးဖော်ရှာဖွေရာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေကြီး အတွင်း မြုပ်နှံထားသော ပလပ်စတစ်ပုံး အ၀ါ ၂ ပုံးအား တွေ့ရှိခဲ့ပြီး အဆိုပါပုံးများ အတွင်းမှ အချင်း ၄ လက်မ၊ အရှည် ၆ လက်မခန့်ရှိ လက်လုပ်မိုင်း ၂ လုံး၊ အချင်း ၂ လက်မ၊ အရှည် ၉ လက်မခန့်ရှိ လက်လုပ်မိုင်း ၁၀ လုံး၊ RE စာတမ်းပါ အဝေးထိန်းခလုပ် ၄ ခုနှင့် ၀ါယာကြိုး ၁၂၅ ပေခန့်တို့အား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds


မောင်တောမြို့နယ်၊ မြဇင်ကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများတွေ့ရှိ မောင်တောမြို့နယ်၊ မြဇင်ကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများတွေ့ရှိ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.