ဟိုတယ် ACE မြင်းခြံဘေးမှ M-16 သေနတ်နဲ့ မူးယစ်ေ်ဆးဝါး ထပ်မံ ဖမ်းဆီးရမိ


၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ၀၉၁၀ အချိန်ခန့် က နေပြည်တော် အေလာနယ်မြေရဲစခန်း မယ(ပ) ၃/၂၀၁၇ ၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/ ၂၁ အမှုမှ တရားခံ ဖြိုးကိုကိုတင့်ဆန်း (၃၈)နှစ်၊ ACEကုမ္ပဏီဥက္ကဌအား စစ်ဆေး ပေါ်ပေါက်ချက်အရ ဟိုတယ် ACE အတွင်း မြင်းခြံဘေးရှိ မြင်းတင်သော နောက်တွဲထော်လီ အတွင်း M-16 သေနတ်နဲ့ မူးယစ်ေ်ဆးဝါး ထပ်မံ ဖမ်းဆီးရမိကြောင်း သိရပါသည်။

 ဟိုတယ် ACE အတွင်း မြင်းခြံဘေးရှိ မြင်းတင်သော နောက်တွဲထော်လီ အတွင်း သိမ်းဆည်းရမိထားသည့် M-16 RANIERARMS စာတန်းပါ သေနတ်နံပါတ်မပါ ဒင်နောက်ပိုင်းဘက္ထရီထည့်သည့် အပေါက်အတွင်းမှ ICE (၃.၀၅)ဂရမ် တွေ့ရှိသိမ်းဆည်းရမိခဲ့၍ ၂၀၃၀ အချိန် ဖြိုးကိုကိုတင့်ဆန်းအား ဒက္ခိဏမြို့မရဲစခန်း မယ(ပ) ၄/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ဆက်လက်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ဟိုတယ် ACE မြင်းခြံဘေးမှ M-16 သေနတ်နဲ့ မူးယစ်ေ်ဆးဝါး ထပ်မံ ဖမ်းဆီးရမိ ဟိုတယ် ACE မြင်းခြံဘေးမှ M-16 သေနတ်နဲ့ မူးယစ်ေ်ဆးဝါး ထပ်မံ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.