YBS ယာဉ်လိုင်းအားလုံး ဝေပုံကျခွဲယူသော ရှယ်ယာစနစ်သို့ ပြောင်းလဲ ဆောင်ရွက်ရမည့်ရက် ကြေညာမည်


ရန်ကုန် စက်တင်ဘာ ၁၁

YBS ယာဉ်လိုင်းအားလုံး ကိုယ်ရကိုယ်ယူစနစ်ကို ဖျက်သိမ်းကာ ဝေပုံကျ ခွဲယူသော ရှယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက်ရမည့် ရက်ကို မကြာမီကြေညာမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများကို တစ်ဦးချင်း ပိုင်စနစ်မှ အများပိုင်စနစ်သို့ မဖြစ်မနေ ပြောင်းလဲရမည် ဖြစ်ပြီး ယာဉ်လိုင်းအားလုံး လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ '' YBS ကားတွေကို အများပိုင်စနစ် ပီပီပြင်ပြင် ပြောင်းလဲဖို့ လုပ်နေတယ်။ အခုက ကိုယ်ရကိုယ်ယူ စနစ်ပဲရှိသေးတယ်။ မကြာမီ အများပိုင်စနစ် အကောင်အထည် ဖော်သွားမယ်။ အများပိုင်စနစ်နဲ့ သွားတဲ့ အခါမှာ ကိုယ်ရကိုယ်ယူစနစ်ကို ဖျက်သိမ်းသွားမှာပါ'' ဟု ဒေါက်တာမောင်အောင်ကပြောသည်။

 ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များကို ကိုင်တွယ်စီမံကြီးကြပ်သည့် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု(ဗဟို) ကော်မတီအား ဖျက်သိမ်း၍ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အား စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
YBS ယာဉ်လိုင်းအားလုံး ဝေပုံကျခွဲယူသော ရှယ်ယာစနစ်သို့ ပြောင်းလဲ ဆောင်ရွက်ရမည့်ရက် ကြေညာမည် YBS ယာဉ်လိုင်းအားလုံး ဝေပုံကျခွဲယူသော ရှယ်ယာစနစ်သို့ ပြောင်းလဲ ဆောင်ရွက်ရမည့်ရက် ကြေညာမည် Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.