ရန်ကုန် လေဆိပ် TERMINAL-2 ရှေ့ရှိ ဟိုတယ်အပေါ်ထပ်၌ မီးလောင်မှုဖြစ်


မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် TERMINAL-2 ရှေ့ရှိ ဟိုတယ်အပေါ်ထပ်၌ မီးလောင်မှုဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၇

စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၀၈၄၅ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် TERMINAL-2 ရှေ့ရှိ ဟိုတယ်တစ်ခု အပေါ်ထပ်တွင် ကျောက်မျက်ရတနာအရောင်းဆိုင်၌ ၀ါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်ရာနေရာသို့ မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၃ စီးဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၀၈၅၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်ရသည့်အကြောင်း အရင်းအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
ရန်ကုန် လေဆိပ် TERMINAL-2 ရှေ့ရှိ ဟိုတယ်အပေါ်ထပ်၌ မီးလောင်မှုဖြစ် ရန်ကုန်  လေဆိပ် TERMINAL-2 ရှေ့ရှိ ဟိုတယ်အပေါ်ထပ်၌ မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.