RCSS/SSA ခေါင်းဆောင် နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ် SSPP/SSA တပ်စခန်းကို အစိုးရတပ်မတော် တိုက်ခိုက်

စက်တင်ဘာလ ၁၁ ရက်နေပြည်တော်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်တို့ တွေ့ဆုံဆွေးနွေး
စက်တင်ဘာ ၁၁ ရက် ၂၀၁၇

သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် နိုင်ငံတော် အတိုင်အပင် ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းအား သွားရောက်တိုက်ခိုက်သည်ဟု သိရသည်။


စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီအချိန်ခန့်က သီပေါမြို့နယ် စိန်ကျော့ အုပ်စု တောင်ဘက် ၇ မိုင် ခန့်အကွာ သျှမ်းပြည်တပ်မတော် SSPP/SSA နမ့်တွေးတပ်စခန်းအား အစိုးရ တပ်မတော် ခြေလျင် တပ်ရင်း စခန်းအမှတ် ၁၄၇ က သွားရောက်တိုက်ခိုက်ကြောင်း၊ ပစ်ခတ်တိုက် ခိုက်မှု များကြောင့် ဒေသအတွင်း ရွာသူရွာသားများ ထွက်ပြေး တိမ်းေ ရှာင်နေ ရကြောင်း ကြားသိရသည်။

“နမ့်တွေးက ဝမ့်ပန်း ဆိုင်ကျော့ အသွားလမ်းမှာ ရှိတာ။ ခလရ ၁၄၇ က ဒေသအတွင်း ပြီးခဲ့တဲ့ ရက်ပိုင်း က စတင်ဝင်ရောက်လှုပ်ရှားလာတယ်။ ဒီစစ်ကြောင်းတကြောင်းထဲမဟုတ်ဘူး ၂ ကြောင်း သုံးကြောင်း နဲ့ အဘက် ဘက်ကနေ တက်ပြီးတိုက်တာ။ ဒီနေ့ မွန်းလွဲ တနာရီကျော်ကျော် က တကြိမ်၊ ၂ နာရီကျော် ကျော်က တကြိမ်” - ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ စိုင်းဘုန်းဟန် က ပြောသည်။

ဓါတ်ပုံ- တိုက်ပွဲဖြစ်ပွါးသည့်နေရာပြမြေပုံ
ထို့အတူ ယမန်နေ့ကလည်း မိုင်းရယ်မြို့ အနောက်တောင်ဘက် မိုင် ၂၀ ခန့် အကွာ လွယ်ယွဲ မိုင့်ဟုန်း တန့် ရွာဘက်အတွင် အစိုးရတပ်မတော် စစ်ကြောင်း ခမရ ၃၂၅ က ရွာအနီး လက်နက်ကြီးများပစ်ခတ် သော ကြောင့် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ရကြောင်း၊ လွယ်ယွဲ ရွာ နှင့် ပါကန်းရွာမှာ စုစုပေါင်း အိမ်ခြေ ၅၀ ခန့်သာရှိကြောင်း၊ နမ့်ပို့ ရွာသို့ လူဦးရေ ၁၀၀ ကျော် ထွက်ပြေးရောက်ရှိလာ ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

အစိုးရတပ်မတော်သည် သျှမ်းခေါင်းဆောင်များနှင့်တွေ့ဆုံတိုင်း သျှမ်းပြည်အတွင်း အစဉ်အမြဲ ထိုးစစ် ဆင်လေ့ရှိသည်။ ၂၀၁၂ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အစိုးရနှင့် တပ်မတော် ထိပ်သီးခေါင်းဆောင်များ ကျိုင်းတုံမြို့၌တွေ့ဆုံစဉ်လည်းကောင်း၊ ၂၀၁၄ ဘန်ကောက်မြို့၌ ဦးအောင်မင်း နှင့် သျှမ်းခေါင်း ဆောင် များ တွေ့ဆုံစဉ်လည်းကောင်း၊ SSPP/SSA ခေါင်းဆောင်များ နေပြည်တော် ခေါင်းဆောင်များ နှင့် တွေ့ဆုံမှုတိုင်းတွင်လည်းကောင်း တိုက်ပွဲများ အစဉ်အမြဲ ဆင်နွှဲလေ့ရှိသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ