ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာလက်နက်၊ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိတဲ ခွန်မင်းဦးဟာ PNLO အဖွဲ့ဝင်မဟုတ် ဟုဆို


ရန်ကုန်တိုင်းမူးယစ် အထူး ၄ အဖွဲ့ကလက်နက်နဲ့မူးယစ်ဆေးဝါးနဲ့ အတူဖမ်းဆီးရမိတဲ့ ခွန်မင်းဦးဟာPNLO ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် အဖွဲ့ဝင်/တပ်ဖွဲ့ဝင် မဟုတ်ကြောင်းစက်တင်ဘာ ၂၂ရက် PNLO ဥက္ကဌဦးခွန်မြင့်ထွန်း ကပြောပါတယ်။


ခွန်မင်းဦးဟာ ၂၀၁၃ ခုနှစ် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာသယ်ယူပို့ဆောင်ရေး တာဝန်ကိုပေးခဲ့ဖူးပေမယ့် အဖွဲ့ဝင်အနေနဲ့ တာဝန်ပေးတာမဟုတ်ဘူး လို့ဆိုပါတယ်။

"ခွန်မင်းဦးဆိုတာက ကျွန်တော်တို့ဆီမှာ အဖွဲ့ဝင်လျှောက်ထားတာ လဲမရှိဘူး၊ အဖွဲ့ဝင်အနေနဲ့တာဝန်ပေးတာလဲမရှိဘူး၊ ဒါပေမဲ့၂၀၁၃ ခုနစ်ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲတုန်းက သူ့ကို ဗိုလ်မှူးကြီးခွန်ဥက္ကာက ခရီးစဉ်အတွက် သယ်ယူပို့ဆောင်ရေး ကိုယ်စားလှယ်အဖြင့် လက်မှတ်ထိုး တာဝန်ပေးခဲ့တာရှိပါတယ်၊ အဖွဲ့ဝင်အနေနဲ့မဟုတ်ဘူး၊ ၂၀၁၄ နှစ်ဦးပိုင်းမှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာအနေနဲ့ ဘာမှတာဝန်မပေးတော့ဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သူကကျွန်တော်တို့အဖွဲ့ဝင်မဟုတ်ဘူးဆိုတာ ထုတ်ပြန်ချက်ထုတ်သွား မယ်၊ အဖွဲ့နာမည်အသုံးပြုတဲ့သူ့ကို ဥပဒေအရအရေးယူ ဆောင်ရွက်သွားမယ်"လို့ PNLOဥက္ကဌဦးခွန်မြင့်ထွန်းကပြောပါ တယ်။

PNLOဒုဥက္ကဌ ဗိုလ်မှူးကြီးခွန်သူရိန်ကလည်း "လူပုဂ္ဂိုလ်အနေနဲ့ ကော၊ အဖွဲ့အစည်းအနေနဲ့ကော အဲဒီမင်းဦးနဲ့ ဘာပတ်သက်မှုမှ မရှိဘူး၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် ကျွန်တော်တို့က တိုက်ဖျက်နေ ပါတယ်၊ မူဝါဒလည်းရှိတယ်၊ သူ့ကိုကျွန်တော်တို့အဖွဲ့ ဝင်မဟုတ် သလို၊ ကျွန်တော်တို့လူလည်းမဟုတ်တဲ့အတွက် တာဝန်ယူဖြေရှင်းပေးသွားမှာမဟုတ်ဘူး"လို့ပြောပါတယ်။

ခွန်မင်းဦးနဲ့ အမျိုးသမီးတစ်ဦးကို စက်တင်ဘာလ၂၁ ရက်နေ့ ရန်ကုန်တိုင်း မူးယစ်အထူး၎ အဖွဲ့က မူးယစ်သတင်းအရ စစ်ဆေးရာ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက် လေဆိပ်ရိပ်သာလမ်း Air Port Inn အခန်းB.6မှာ ပစ္စတို ၁လက်၊ ကျည် ၇ထောင့်၊ လက်ပစ်ဗုံး၁လုံးနဲ့ မူးယစ်ဆေးဝါးice အချို့ ဖမ်းဆီးရမိတာဖြစ်ပါတယ်။

ခွန်ရာဇာ
Photo credit. Aye min
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor/
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာလက်နက်၊ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိတဲ ခွန်မင်းဦးဟာ PNLO အဖွဲ့ဝင်မဟုတ် ဟုဆို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာလက်နက်၊ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိတဲ ခွန်မင်းဦးဟာ PNLO အဖွဲ့ဝင်မဟုတ် ဟုဆို Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.