အမြန်​လမ်းတွင်​ Nissan ​မော်​​တော်​ယာဉ်​မှ Mark ll ယာဉ်​တိုက်​ တစ်​ဦး​သေ ၊ ၂ဦးဒဏ်​ရာရ


နေပြည်​​တော်​၊စက်​တင်​ဘာ ၁၆

ရန်​ကုန်​-မန္တ​လေးမမြန်​လမ်းမကြီး၏ မိုင်​တိုင်​အမှတ်​ ၁၉၁/၇ နှင့်​ ၁၉၂/၀အကြား မန္တ​လေး ဘက်​မှ ရန်​ကုန်​ဘက်​သို့ယာဉ်​​မောင်း နိုင်​မိုးလတ်​​မောင်းနှင်​လာ​သော Nissan ​မော်​​တော်​ယာဉ်​မှာ စက်တင်ဘာလ ၁၆ရက်နေ့ ည​နေ ၅နာရီ ၄၅ မိနစ်​က အရှိန်​မထိမ်းနိုင်​ပဲ ရှေ့မှယာဉ်​​မောင်း ယာဉ်​​မောင်း ​အေးမင်းစိုး​မောင်းနှင်​​နေ​သော Mark ll ​မော်​​တော်​ယာဉ်​အား ၀င်​တိုက်​မိခဲ့သည်​။


ဖြစ်​စဉ်​​ကြောင့်​ Nissan ​မော်​​တော်​ယာဉ်​​ပေါ်ပါ နှစ်​ဦးမှာထိခိုက်​မှုမရှိ​သော်​လည်း Mark ll ယာဉ်​​ပေါ်ပါ အမျိုးသား နှစ်​ဦး ၊အမျိုးသမီးနှစ်​ဦးအနက်​ အမျိုးသမီးတစ်​ဦး​သေဆုံးပြီး နှစ်​ဦးဒဏ်​ရာရရှိခဲ့သည်​။ ဒဏ်​ရာရရှိသူများနှင့်​​သေဆုံးသူရုပ်​အ​လောင်း အား ပ​လွေးအမြန်​လမ်းရဲတပ်​ဖွဲ့ ပိုင်​ယာဉ်​ဖြင့်​ ​နေပြည်​​တော်​ ခုတင်​ ၁၀၀၀ ​ဆေးရုံသို့ ပို့​ဆောင်​​ပေးခဲ့ရသည်​။

သို့ပါ၍ NISSAN ယာဉ်​​မောင်းအား သက်​ဆိုင်​ရာကမှုဖွင့်​အ​ရေးယူထား​ကြောင်းသိရသည်​ ။

ညီညီသန်း (​နေပြည်​​တော်​)
ဓာတ်​ပုံ/ အမြန်​လမ်းရဲတပ်​ဖွဲ့
Min Myat Oo (fb)
အမြန်​လမ်းတွင်​ Nissan ​မော်​​တော်​ယာဉ်​မှ Mark ll ယာဉ်​တိုက်​ တစ်​ဦး​သေ ၊ ၂ဦးဒဏ်​ရာရ အမြန်​လမ်းတွင်​ Nissan ​မော်​​တော်​ယာဉ်​မှ Mark ll ယာဉ်​တိုက်​ တစ်​ဦး​သေ ၊ ၂ဦးဒဏ်​ရာရ Reviewed by THITHTOOLWIN on 06:38 Rating: 5
Powered by Blogger.