ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ ရန်ကုန်မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၉၇)မိုင် (၄)ဖာလုံနဲ့ (၅)ဖာလုံအကြားမှာ စက်တင်ဘာ(၂၃)ရက် ည(၈)နာရီခန့်က (၂၂)ဘီးမော်တော်ယာဉ်နဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးသွားတယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ ရန်ကုန်ဘက်ကနေ (အမည်မသိ နေရပ်လိပ်စာ စုံစမ်းဆဲ) မောင်းနှင်လာတဲ့ NCX WAVE-110 အမျိုးအစား ကျောက်စိမ်းရောင်ဆိုင်ကယ်နဲ့ မန္တလေးဘက်ကနေ မောင်းနှင်လာတဲ့ MITSUBISHI FUSO အမျိုးအစား နီ/ပြာ ရောင် (၂၂)ဘီး မော်တော်ယာဉ်တို့ ကားလမ်းမအလယ်မှာမျက်နှာချင်းဆိုင်တိုက်မိရာ (အမည်မသိ)ဆိုင်ကယ်မောင်းသူဟာ ဦးခေါင်းနောက်စေ့ ကွဲကျေဒဏ်ရာ နားသွေးထွက်ဒဏ်တို့နဲ့ အခင်းဖြစ်နေရာမှာပင် သေဆုံးသွားပြီး FUSO ယာဉ်မောင်းဟာ အခင်းဖြစ်နေရာကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရပါတယ်။

 အဲဒီအမှုကို ညောင်လေးပင်မြို့မရဲစခန်းက ယာဉ်(ပ) ၄၀/ ၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ကိုထွေး(ညောင်လေးပင်) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ