မြန်မာ ယူ-၁၈ နည်းပြချုပ် ဖြစ်သူ ပြင်သစ် လူမျိုး နည်းပြ ဘန်လာဘီ နှင့် MFF စာချုပ် ဖျက်သိမ်း

မြန်မာ ယူ-၁၈ နည်းပြချုပ် ဖြစ်သူ ပြင်သစ် လူမျိုး နည်းပြ ဘန်လာဘီအား တွေ့ ရစဉ်(ဆင်ဟွာ)
    ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် အာဆီယံချန်ပီယံရှစ် ယူ-၁၈ ပြိုင်ပွဲတွင် နည်းဗျူဟာ ပိုင်နိုင်ကျွမ်းကျင်စွာဖြင့် အသင်းအား ဦးဆောင်နိုင်မှု မရှိသည့်အတွက် MFF နည်းစနစ်အဖွဲ့နှင့် စည်းဝေး ဆုံးဖြတ်ပြီးနောက် ပြင်သစ်နည်းပြ ဘန်လာဘီ အား ယနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှ စတင်ကာ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း MFF ၏ ထုတ်ပြန်မှု အရ သိရသည်။

MFF နှင့် ဘန်လာဘီ သည် ယခုနှစ် ဒီဇင်ဘာအထိ စာချုပ်သက်တမ်း ကျန်ရှိနေသည့် အတွက် ကျန်ရှိသည့် လစာ ၂ လစာ ပေးလျော်ကာ နှစ်ဖက် သဘောတူ လမ်းခွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။မြန်မာ ယူ၁၈ အသင်းအနေဖြင့် အာရှ ယူ၁၉ ခြေစစ်ပွဲကိုလည်း လာမည့် နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံတွင် သွားရောက် ယှဉ်ပြိုင် ရမည် ဖြစ်ပြီး ပြိုင်ပွဲဝင် မြန်မာယူ၁၈ အသင်းအတွက် ပြည်တွင်း နည်းပြ အဖွဲ့ကို ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာ ယူ ၁၈ လက်ရွေးစင်အသင်းသားများနှင့် ယနေ့  တွေ့ ဆုံ ခဲ့ရာတွင် ရှုံးနိမ့်မှုမှ သင်ခန်းစာ ရယူရန် ၊ ယခုအရှုံးကို စိတ်မပျက်ဘဲ မိမိတို့၏ ခြေစွမ်းနှင့် စိတ်ဓာတ် အစစ်အမှန်ကို လာမည့် အာရှခြေစစ်ပွဲ အောင်မြင်ခြင်းဖြင့် တုံ့ပြန်ပြနိုင်ရန် အရေးကြီးကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
မြန်မာ ယူ-၁၈ နည်းပြချုပ် ဖြစ်သူ ပြင်သစ် လူမျိုး နည်းပြ ဘန်လာဘီ နှင့် MFF စာချုပ် ဖျက်သိမ်း မြန်မာ ယူ-၁၈ နည်းပြချုပ် ဖြစ်သူ ပြင်သစ် လူမျိုး နည်းပြ ဘန်လာဘီ နှင့် MFF စာချုပ် ဖျက်သိမ်း Reviewed by THITHTOOLWIN on 16:48 Rating: 5
Powered by Blogger.