မုန်တိုင်း "Maria" မှ ဒိုမီနီကာ နိုင်ငံ သို့ ဝင်ရောက် တိုက်ခတ်မှုကြောင့် လက်ရှိချိန်တွင် လူပေါင်း အနည်းဆုံး ၁၅ ဦး သေဆုံး

၂၀၁၅ ခုနှစ်၌ ဒိုမီနီကာ နိုင်ငံ အား မုန်တိုင်း "Erika" ဝင်ရောက် တိုက်ခတ် ခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)
    ကင်းစတုန်း ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

    ဒိုမီနီကာ နိုင်ငံ ဝန်ကြီးချုပ် Roosevelt Skerrit က စက်တင်ဘာ ၂၁ ရက်နေ့၌ ဒိုမီနီကာ နိုင်ငံ သို့  ၁၈ ရက်နေ့ ညပိုင်းအချိန်တွင် ဝင်ရောက် တိုက်ခတ် ခဲ့သည့် မုန်တိုင်း "Maria" ကြောင့် လက်ရှိချိန်တွင် လူပေါင်း အနည်းဆုံး ၁၅ ဦး သေဆုံး ခဲ့ပြီး ၂၀ ဦး ပျောက်ဆုံးနေကြောင်း ကို အတည်ပြုပြောကြား ခဲ့သည်။

Roosevelt Skerrit က မုန်တိုင်း "Maria" သည် ဒိုမီနီကာ နိုင်ငံ အား ကြီးမားသည့် ပျက်ဆီး ဆုံးရှုံးမှု များ ဖြစ်ပွား စေခဲ့ပြီး နိုင်ငံတော် အနေဖြင့် ပုံမှန် အခြေအနေ ပြန်လည် ရရှိရန် အချိန် ကြာမြင့်စွာ လိုအပ် မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒိုမီနီကာ နိုင်ငံ တွင် တိုက်ခတ် ခဲ့သည့် မုန်တိုင်း "Maria" သည် အဆင့် သတ်မှတ်ချက် ၅ အဆင့် ရှိသော မုန်တိုင်း တစ်ခု ဖြစ်ပြီး မုန်တိုင်းစတင်ဝင်ရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီ ၂၆၀ ကီလိုမီတာ ရှိသောကြောင့် ဒိုမီနီကာ နိုင်ငံ တွင်း လမ်းပန်းဆက်သွယ်ရေး များ ယာယီပြတ်တောက် သွားစေခဲ့သည်။

၂၀၁၅ ခုနှစ် သြဂုတ်လ တွင် ဒိုမီနီကာ နိုင်ငံ ကို တိုက်ခတ် ခဲ့သည့် မုန်တိုင်း "Erika" ကြောင့် လူပေါင်း ၂၀ ဦး သေဆုံး ခဲ့ရကြောင်း သိရှိခဲ့ရသည်။

(Xinhua)
http://www.xinhuamyanmar.com
မုန်တိုင်း "Maria" မှ ဒိုမီနီကာ နိုင်ငံ သို့ ဝင်ရောက် တိုက်ခတ်မှုကြောင့် လက်ရှိချိန်တွင် လူပေါင်း အနည်းဆုံး ၁၅ ဦး သေဆုံး မုန်တိုင်း "Maria" မှ ဒိုမီနီကာ နိုင်ငံ သို့ ဝင်ရောက် တိုက်ခတ်မှုကြောင့် လက်ရှိချိန်တွင် လူပေါင်း အနည်းဆုံး ၁၅ ဦး သေဆုံး Reviewed by THITHTOOLWIN on 14:06 Rating: 5
Powered by Blogger.