အီရတ်မှာလေကြောင်းတိုက်ခိုက်မှုအတွင်း IS (၃၀၀)ကျော် သေဆုံး


အီရတ်လေကြောင်းတပ်ဖွဲ့တွေက အီရတ်နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ IS စစ်သွေးကြွတွေကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေပြု လုပ်ခဲ့တဲ့အတွက် စစ်သွေးကြွ(၃၀၆)ဦး သေဆုံးခဲ့ပြီး သူတို့စခန်းချရာနေရာ တော်တော်များများလည်း ပျက်စီးခဲ့တယ်လို့ စက်တင်ဘာလ(၁၇)
ရက်နေ့က အီရတ်စစ်တပ်ကပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ (၁၁) ရက်နေ့မှ (၁၆)ရက်နေ့အထိကို IS စစ်သွေးကြွတွေပုန်းခိုရာ ဒေသတွေဖြစ်တဲ့ Akashat(အကာရှတ်)၊ Aana (အားနာ)နဲ့ al-Qaim(အယ်လ်-ကာအင်မ်)ဒေသတွေကိုထောက်လှမ်းရရှိခဲ့တဲ့ အစီရင်ခံစာတွေပေါ်ကို အခြေခံပြီး ဂျက်တိုက်လေယာဉ်တွေနဲ့လေကြောင်းတိုက်ခိုက်မှု(၄၂)ကြိမ်ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

အလားတူပဲ ဆီးရီးယားအရှေ့ဘက်မှာရှိတဲ့ Mayadeen(မာယာဒင်း)ဒေသမှာရှိတဲ့ IS စစ်သွေးကြွတွေရှိရာနေရာကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု(၆)ကြိမ်ပြုလုပ်ခဲ့တယ်လို့ ထောက်လှမ်းရေးမီဒီယာရုံးကပြောကြားခဲ့ကြောင်း စက်တင်ဘာလ (၁၈)ရက်နေ့ စင်ဟွာသတင်းမှာဖော်ပြထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
အီရတ်မှာလေကြောင်းတိုက်ခိုက်မှုအတွင်း IS (၃၀၀)ကျော် သေဆုံး အီရတ်မှာလေကြောင်းတိုက်ခိုက်မှုအတွင်း IS (၃၀၀)ကျော် သေဆုံး Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.