ဇနီး မှ facebook သုံးတဲ့ ခင်ပွန်း ဖြစ်သူအား ၆ ပေါင်တူဖြင့် ထုသတ်


၃၀.၉.၂၀၁၇

စက်တင်ဘာလ ၃၀ရက်နေ့  ယနေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ပဲခူးမြို့ ဥဿာ မြို့သစ် ရပ်ကွက်ကြီး (၉)၊ ပွဲစားကြီးကုန်းနေသူ ကိုမျိုးသန့်ဦး အသက် (၃၅ )နှစ်အား ဇနီးဖြစ်သူမလှသင်းကြည် ( ၂၁) နှစ်မှ ၆ ပေါင်တူဖြင့် ထုသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။


ဖြစ်စဉ်မှာ ကိုမျိုးသန့် ဦး(၃၅)နှစ်၊ မင်းအနော်ရထာ စက်ယန္တရားကုမ္ပဏီလီမိတက် Supervisor ၊ ဖောင်ရွာ၊ ကျောက်ဆည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူအား ဇနီးဖြစ်သူ မလှသင်းကြည် (၂၁)နှစ် ၊ အောက်ကမ္ဘာကျေးရွာ၊ ပဲခူးမြို့နယ်နေသူသည် ခင်ပွန်းဖြစ်သူ ကိုမျိုးသန့် ဦးအား အခြားမိန်းကလေးများနှင့် အင်တာနက်လိုင်းသုံးစွဲသည့် ကိစ္စမပြုလုပ်ရန်ပြောဆိုစဉ် ကိုမျိုးသန့် ဦးမှ မလှသင်းကြည်အား ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ သဖြင့် မလှသင်းကြည်သည် ကိုမျိုးသန့် ဦး အိပ်ပျော်နေစဉ်  (၆)ပေါင်တူဖြင့် ဦးခေါင်းအား အချက်ပေါင်းများစွာ ထုနှက်ရိုက်မှုကြောင့် ခင်ပွန်းဖြစ်သူနေရာတွင် သေဆုံးနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါလူသတ်မှုအား ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းမှ ပုဒ်မ ၃၀၂ / ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရပါသည်။

သတင်း - ဓါတ်ပုံ ။ ကျော်မင်း / ကိုသန့် ဇင်

သစ်ထူးလွင်
ဇနီး မှ facebook သုံးတဲ့ ခင်ပွန်း ဖြစ်သူအား ၆ ပေါင်တူဖြင့် ထုသတ် ဇနီး မှ facebook သုံးတဲ့ ခင်ပွန်း ဖြစ်သူအား ၆ ပေါင်တူဖြင့် ထုသတ် Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.