မိတ်ဆွေအမျိုးသမီး အဝတ်လဲနေသည့်ပုံကို ဓာတ်ပုံခိုးယူရိုက်ကူးပြီး Facebook တွင် ဖော်ပြခဲ့သူအမျိုးသမီးအား အရေးယူ


မီချီဂန် စက်တင်ဘာ ၂၄

အမျိုးသမီးတစ်ဦးသည်၎င်း၏ အခြားအမျိုးသမီးမိတ်ဆွေတစ်ဦး အဝတ်လဲနေသည့်ပုံများကို ဓာတ်ပုံ ခိုးယူရိုက်ကူးပြီးFacebook တွင် ဖော်ပြခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး နောက်အရေးယူခံခဲ့ရကြောင်း သိရ သည်။ Kayla Paige Esterling (၂၂နှစ်)သည် သြဂုတ်လ ၂၉ ရက် က လူမှုကွန်ရက်ပေါ်သို့ ဓာတ်ပုံ များ တင်ပို့ဖော်ပြခဲ့သည့်အတွက် မီချီဂန်တရားရုံးကစွဲချက်တင်လိုက် ကြောင်း သိရသည်။

တရားရုံးစာရွက်စာတမ်းများ အရEsterling သည် အခြားသော အမျိုးသမီးတစ်ဦး အဝတ်လဲလှယ် နေစဉ် ဓာတ်ပုံတစ်ပုံရိုက်ယူခဲ့သည် ဟု စွပ်စွဲခံထားရကြောင်း သိရ သည်ဟုMLive.comက ဖော်ပြ ထားသည်။ Esterling သည် အဆိုပါဓာတ်ပုံအားFacebook တွင်ဖော်ပြခဲ့ကာ ဓာတ်ပုံပိုင်ရှင်၏ သဘောတူညီမှုမရှိဘဲ tag လုပ်ခဲ့ သည်ဟုဆိုသည်။

အမျိုးသမီးများသည်တစ်ဦးကို တစ်ဦး အသိပေးဖို့နားလည်ထား ကြသည်ဟု သိရသည်။ အဆိုပါ ဖြစ်ရပ်သည် မြို့တော်ရှိ နေအိမ် တစ်ခုအတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ် သည်ဟုMuskegonရဲဌာန စုံစမ်း စစ်ဆေးရေးဗဟိုဌာနက ပြောကြား ခဲ့သည်။အမေရိကန်နိုင်ငံ၏သတင်း များအရ အီလက်ထရွန်နစ်ကြားခံ နယ်တစ်ခုကိုအသုံးပြုပြီး သတင်း တစ်ခုကို တရားမဝင်ပေးပို့ဖော်ပြ ခဲ့သည့်ပြစ်မှုသည် ထောင်ဒဏ်နှစ် နှစ်အထိ သို့မဟုတ် ငွေဒဏ် အမေ ရိကန်ဒေါ်လာ ၅ဝဝဝ အထိ ပြစ် ဒဏ်ချမှတ်ခံရနိုင်သည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်းသိရပြီး အမှန် တကယ် ထောင်ဒဏ်ကျခံမှုကိုဆုံး ဖြတ်ရာတွင် ပြည်နယ်၏လမ်းညွှန် မှုများအပေါ်အခြေခံပြီး တရားသူ ကြီးတစ်ဦးက စီရင်ဆုံးဖြတ် ပေးရ ကြောင်း သိရသည်။Esterling အနေဖြင့် ယခုလ ၂၈ ရက်တွင် နောက်ထပ်ရုံးထုတ် စစ်ဆေးခံရ ဦးမည်ဟု သိရသည်။

Ref: Mirror
The Union Daily
https://www.facebook.com/uniondaily.net
မိတ်ဆွေအမျိုးသမီး အဝတ်လဲနေသည့်ပုံကို ဓာတ်ပုံခိုးယူရိုက်ကူးပြီး Facebook တွင် ဖော်ပြခဲ့သူအမျိုးသမီးအား အရေးယူ မိတ်ဆွေအမျိုးသမီး အဝတ်လဲနေသည့်ပုံကို ဓာတ်ပုံခိုးယူရိုက်ကူးပြီး Facebook တွင် ဖော်ပြခဲ့သူအမျိုးသမီးအား အရေးယူ Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.