တောင်သာမြို့ အနီးတွင် ခရီးသည်တင် EXPRESS တစ်စီး တိမ်းမှောက် ၊ ၃၉ ဦးဒဏ်ရာရ


မလှိုင် ၊ စက်တင်ဘာ ၇

စက်တင်ဘာ ၆ရက် ၊ ည ( ၇ ) နာရီခန့်က ၊မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ၊ ရွှေပြည်တော်ကျေးရွာအနီး၊ မြင်းခြံ-ရန်ကုန်သွားကားလမ်းပေါ်တွင် ခရီးသည်တင် EXPRESS တစ်စီးတိမ်းမှောက် ခဲ့ရာ ခရီးသည် ၃၉ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံ ၊ဆရာဝန်ကြီး ဒေါတ်တာနေမင်းမျိုးထွန်းကပြောသည်။

တိမ်းမှောက်သည့် ကား မှာ ရွှေစင်္ကြာ ကားဖြစ်ကြောင်း၊ ယင်းကားမှာ မြင်းခြံမှ ရန်ကုန်သို့ ညနေ ၆ နာရီထွက်သောကားဖြစ်ပြီး ခရီးသည် နှင့် ယာဉ်ဝန်ထမ်း ၄၃ ယောက်တင်ဆောင်သွားကြောင်း ရွှေစင်္ကြာဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယာဉ်တိမ်းမှောက်သည့်နေရာသို့ မလှိုင် နှင့်တောင်သာမြို့နယ်တို့မှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းများသွားရောက်၍ ခရီးသည်များအား အချိန်မီကယ်တင်နိုင်ခဲ့ကြောင်း မလှိုင်မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အပြင်လူနာ( ၂၀ ) ဦး၊ အတွင်းလူနာ( ၁၅ ) ဦး ဖြစ်ကြောင်း၊ မိတ္ထီလာဆေးရုံသို့ ( ၄ ) ဦးပို့ဆောင်ခဲ့ရကြောင်း သေဆုံးသူမရှိကြောင်း ၊ ဆရာဝန်ကြီး ဒေါတ်တာနေမင်းမျိုးထွန်း ကပြောသည်။

ယာဉ်မောင်းဖြစ်သူအား တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲကင်းစခန်း က ယာဉ်(ပ)၄/၂၀၁၇ ၊ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈ဖြင့်အမှုဖွင့်အရေယူထားကြောင်း သိရသည်။

ဘိုဘို(မလှိုင်)
PHOTO - BB
The Asia Heart News
တောင်သာမြို့ အနီးတွင် ခရီးသည်တင် EXPRESS တစ်စီး တိမ်းမှောက် ၊ ၃၉ ဦးဒဏ်ရာရ တောင်သာမြို့ အနီးတွင် ခရီးသည်တင် EXPRESS တစ်စီး တိမ်းမှောက် ၊ ၃၉ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 16:33 Rating: 5
Powered by Blogger.