ပြင်သစ်ပိုင် Corse ကျွန်းတွင် လေယာဉ်ပျက်ကျမှုကြောင့် ၄ဦးသေဆုံး

ပြစ်သစ်နိုင်ငံပိုင် Corse ကျွန်းအားကောင်းကင်မှတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ပါရီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

    ပြင်သစ်နိုင်ငံပိုင် Corse ကျွန်း တွင် စက်တင်ဘာ ၁၂ ရက်က ကမ္ဘာလှည့်ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့မှုကြောင့် လူ၎ဦးသေဆုံးခဲ့ကြောင်း ပြင်သစ်မီဒီယာက ဖော်ပြခဲ့သည်။

Corse ကျွန်း၏ Ghisonaccia လေယာဉ်ကွင်းအနီးတွင် ဒေသစံတော်ချိန် နေ့လည် ၂း၃၀နာရီ မတိုင်ခင် လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း နှင့် အင်ဂျင်၂လုံးတပ် လေယာဉ်ပေါ်တွင် လူ၎ဦးလိုက်ပါလာပြီး စပျစ်ပင်များအကြား ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း Franceinfo အင်တာနက်သတင်းကဖော်ပြခဲ့သည်။

လေယာဉ်ပျက်ကျခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အသက်ရှင်ကျန်ရစ်သူမရှိသည့် ယင်းလေယာဉ်ပျက်ကျမှုအကြောင်းအရင်းကို သိရှိခြင်းမရှိသေးကြောင်း နှင့် လေယာဉ်သည် ပြင်သစ်နိုင်ငံအတွင်းမှ ပျံသန်းလာခြင်းဖြစ်ကြောင်း Franceinfo သတင်းကဖော်ပြခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ပြင်သစ်ပိုင် Corse ကျွန်းတွင် လေယာဉ်ပျက်ကျမှုကြောင့် ၄ဦးသေဆုံး ပြင်သစ်ပိုင် Corse ကျွန်းတွင် လေယာဉ်ပျက်ကျမှုကြောင့် ၄ဦးသေဆုံး Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.