ကျီးကျွန်း ရဲကင်းစခန်း၌ လောင်းလှေ (၂) စီးနှင့် လှေပေါ်ပါ မသင်္ကာသူများအား ဖမ်းဆီးထိန်းသိမ်း


မောင်တောမြို့နယ်၊ ကျီးကျွန်း ရဲကင်းစခန်း၌ လောင်းလှေ (၂) စီးနှင့် လှေပေါ်ပါရှိသူ အလောင်းတစ်လောင်းနှင့် လူ ၁၆ ဦးအား စက်တင်ဘာ ၁၀ ရက်နေ့ ၁ နာရီ ၁၅ မိနစ်က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

ကျီးကျွန်းရဲကင်းစခန်း နယ်မြေတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကင်းလှည့်ဆောင်ရွက်နေစဉ် စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က အလယ်ချောင်းအတိုင်း တောင်ဘက်မှ ကျီးကျွန်း ရဲကင်းဘက်သို့ လောင်းလှေ ၂ စီး လှော်ခတ်လာသည်ကိုတွေ့ရ၍ ရပ်တန့်ရန် ဟန့်တားခဲ့သည်။

ထိုသို့ ဟန့်တားသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လှော်ခတ်သဖြင့် လက်နက်ငယ်ဖြင့် ချောက်လှန့် ပစ်ခတ်စဉ် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် ဂုံးနားကျေးရွာနေ ဇာဟတ် တူဆောင်း ပါ မသင်္ကာသူ(၄) ဦး ၊ ဓားရှည် (၄) လက်ကိုလည်းကောင်း၊ ကျန်လှေပေါ်မှ ကျွန်းခေါင်းကျေးရွာနေ မဆန်နာဝါရာဘေဂွပ်ပါ အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၃ ဦး ကလေး ၈ ဦး စုစုပေါင်း လှေ ၂ စီးပေါ်ပါရှိသူ (၁၆) ဦးအား ထိန်းသိမ်းခဲ့သည်။ ၄င်းတို့အား စစ်မေးရာ နယ်မြေ (၅) လောင်းဒုံမှ ထွက်ပြေးလာခြင်းဖြစ်ပြီး နတ်မြစ်အား ဖြတ်၍ ကျီးကျွန်းရဲကင်းစခန်းအနီး အလယ်ချောင်းအတိုင်း ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee
ကျီးကျွန်း ရဲကင်းစခန်း၌ လောင်းလှေ (၂) စီးနှင့် လှေပေါ်ပါ မသင်္ကာသူများအား ဖမ်းဆီးထိန်းသိမ်း ကျီးကျွန်း ရဲကင်းစခန်း၌ လောင်းလှေ (၂) စီးနှင့် လှေပေါ်ပါ မသင်္ကာသူများအား ဖမ်းဆီးထိန်းသိမ်း Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.