အခွန်ဖြတ်တောက်မှု စီမံကိန်းတွေ သမ္မတထရမ့် ချမှတ်

အခွန်ဖြတ်တောက်တဲ့ စီမံကိန်းကြောင့် အလုပ်လုပ်သူတွေ အများဆုံး အကျိုးအမြတ် ခံစားရမယ်လို့ သမ္မတထရမ့်ပြော
သမ္မတ ထရမ့်က အမေရိကန်နိုင်ငံ သမိုင်းမှာ အကြီးမားဆုံး အခွန် ဖြတ်တောက်မှုကြီး ဖြစ်လာမယ့် စီမံကိန်းတွေကို သူချမှတ် ရေးဆွဲလိုက်ပြီလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အခွန် စည်းမျဉ်း သတ်မှတ်ချက်တွေကို ပိုရိုးရှင်းပြီး ပိုမျှတတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေ ဖြစ်လာအောင် လုပ်ပြီး အမေရိကန်နိုင်ငံမှာ အလုပ်အကိုင်တွေ ၊ ကြွယ်ဝချမ်းသာမှုတွေ ပြန် ပေါ်ပေါက်လာစေဖို့ သူ့အနေနဲ့ ဆန္ဒရှိနေတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

စီးပွားရေး လုပ်ငန်းတွေမှာ အခွန်တွေ လျှော့ချမယ်လို့ သမ္မတ ထရမ့်က ထုတ်ဖော် ကြေညာခဲ့ပြီး အမွေဆက်ခံသူတွေ အပေါ် အခွန်ကောက်ခံမှုတွေကိုလည်း ပယ်ဖျက်ပေးမယ်လို့ ဆိုပါတယ်။

အလုပ်လုပ်တဲ့ အမျိုးသမီး၊ အမျိုးသားတွေ အနေနဲ့ အကျိုးအမြတ် အများဆုံး ပိုခံစားရမှာ ဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

ဒါပေမယ့်လည်း ဒီမိုကရက်တ်စ်တွေကတော့ ဒီစီမံကိန်းတွေကြောင့် ချမ်းသာသူတွေပဲ အကျိုး ဖြစ်ထွန်းဖို့ ရှိတယ်လို့ ပြောပါတယ်။

အခွန် စနစ်ကို ပြင်ဆင်ရေးဟာ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ကာလတုန်းက မစ္စတာ ထရမ့် အဓိက ကတိပေး မဲဆွယ်ခဲ့မှုတွေ ထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။

ဒီအခွန်ငွေ ဖြတ်တောက်မှုတွေကြောင့် အစိုးရ အသုံးစရိတ် လိုငွေ ပြမှု အကြီးအကျယ် မြင့်တက်လာမှာ ဖြစ်ပြီး သမ္မတ ထရမ့်ရဲ့ ရီပတ်ဘလီကန် ပါတီတွင်းက ပါတီဝင် အတော်များများကတောင် ကန့်ကွက်ကြမယ့် ပုံ ရှိတယ်လို့ အကဲခတ်တွေက ပြောနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
အခွန်ဖြတ်တောက်မှု စီမံကိန်းတွေ သမ္မတထရမ့် ချမှတ် အခွန်ဖြတ်တောက်မှု စီမံကိန်းတွေ သမ္မတထရမ့် ချမှတ် Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.