နဂါးလေး(ခ) အောင်နိုင်မြင့် ကို လိုင်စင်မဲ့ကားမှု အတွက် ထောင်ဒဏ် ၄ နှစ်ချ

မူးယစ်ဆေးဝါးမှုတွင် ပြစ်ဒဏ်မှလွတ်မြောက်သွားသူ တရားခံ နဂါးလေး(ခ)အောင်နိုင်မြင့်အား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မဖြင့် အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၂

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ကျော်အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော် ထုတ်ရေးတပ်ဖွဲ့ဝင်များက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/ ကျင့် ၅၁၂ဖြင့် အမှုဖွင့်အရေးယူခံထားရပြီး ထွက်ပြေး လွတ်မြောက်နေသူ နဂါးလေး (ခ) အောင်နိုင်မြင့်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၁)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းထောင့်တွင် ယာဉ်အမှတ် 5D-3753 နံပါတ်တပ်ဆင်ထားသော X-Trail အမျိုးအစား မော်တော်ယာဉ်နှင့် အတူရောက်ရှိနေကြောင်း သတင်းရသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကျည်စုအနောက်ကွင်းရှိ လယ်ကွင်း အလယ်မြေသားလမ်းမပေါ်တွင် မော်တော်ယာဉ်အားထားခဲ့ပြီး ထွက်ပြေးလွတ်မြောက် တိမ်းရှောင်သွားခဲ့သည်။

ယင်းသို့ ထွက်ပြေးလွတ်မြောက်သွားသူ နဂါးလေး (ခ)အောင်နိုင်မြင့်အား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစုမှတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးသတင်းစုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ နဂါးလေး (ခ)အောင်နိုင်မြင့်မှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မကျီးချောင်း (၄) ရပ်ကွက်တွင် ရောက်ရှိနေကြောင်း သတင်းအရ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သွားရောက် ဖမ်းဆီးခဲ့ရာ YGN 6A- 8649 နံပါတ်တပ်ဆင်ထားသော Honda Fit အမျိုးအစား အနက်ရောင် မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူ နဂါးလေး(ခ)အောင်နိုင်မြင့် အသုံးပြုခဲ့သည့် 5D-3753 နံပါတ်တပ်ဆင်ထားသော X-Trail အမျိုးအစားမော်တော်ယာဉ်နှင့် YGN 6A- 8649 နံပါတ်တပ်ဆင်ထားသော Honda Fid အမျိုးအစား အနက်ရောင် မော်တော်ယာဉ်တို့အား ကုန်လမ်းသယ်ယူပို့ဆောင်
ရေးညွှန်ကြားမှုဦးစီးဌာနသို့ လိုင်စင်ရှိမရှိ စိစစ်မေးမြန်းခဲ့ရာ အဆိုပါမော်တော်ယာဉ်များမှာ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း ပြန်ကြားလာသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၂၂၁/၂၀၁၇နှင့် (ပ)၂၂၂/၂၀၁၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ- ၈ ဖြင့် အဆိုပါ ယာဉ်နှစ်စီးအား လက်ဝယ်တွေ့ရှိသူ နဂါးလေး(ခ)အောင်နိုင်မြင့်အား အမှုဖွင့်အရေးယူခဲ့ပါသည်။

အဆိုပါ အမှုများနှင့်ပတ်သက်၍ (ပ)၂၂၁/၂၀၁၇အမှုအား၊ ၂၆.၄.၂၀၁၇ ရက် နေ့တွင် စွဲချက်အမှတ် ၃၆၄/၂၀၁၇ဖြင့် တရားစွဲတင်ပို့ခဲ့ရာ တရားရုံးရာကြီးအမှတ် ၄၂၇/၂၀၁၇ဖြင့် မြို့နယ်တရားသူကြီးမှ လက်ခံစစ်ဆေး၍လည်းကောင်း၊ (ပ)၂၂၂/၂၀၁၇အမှုအား ၈.၆၂၀၁၇ ရက်နေ့တွင် စွဲချက်အမှတ် ၅၈၃/၂၀၁၇ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ရာ တရားရုံးရာကြီးအမှတ် ၅၉၄/၂၀၁၇ဖြင့် မြို့နယ်တရားသူကြီးမှ လက်ခံစစ်ဆေးခဲ့ပြီး ၂၂.၉.၂၀၁၇ ရက်နေ့တွင် တရားခံ နဂါးလေး (ခ)အောင်နိုင်မြင့်အား ၎င်းအမှုနှစ်မှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်စီ စုစုပေါင်းအလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ကျခံစေရန်အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။

၎င်းအပြင် တရားခံ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ လမ်းမတော်မြို့မရဲစခန်း (ပ)၉/၂၀၁၇၊ ရာဇသတ်ကြီး ဥပ ဒေပုဒ်မ ၃၈၆/၃၂၃/၁၁၄ဖြင့် ၂၈.၂.၂၀၁၇ ရက်နေ့တွင် လမ်းမတော်မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ မြို့နယ် တရားသူကြီးမှ လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ထိုပြစ်ဒဏ်ကိုလည်း ကျခံစေရန်ကျန်ရှိနေ သေးကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
နဂါးလေး(ခ) အောင်နိုင်မြင့် ကို လိုင်စင်မဲ့ကားမှု အတွက် ထောင်ဒဏ် ၄ နှစ်ချ နဂါးလေး(ခ) အောင်နိုင်မြင့် ကို လိုင်စင်မဲ့ကားမှု အတွက် ထောင်ဒဏ် ၄ နှစ်ချ Reviewed by THITHTOOLWIN on 07:44 Rating: 5
Powered by Blogger.