မသင်္ကာ စရာကားတစ်စီးမှ လုံခြုံရေးကင်းလှည့်အား ဝင်တိုက်၍ တစ်ဦးသေ နှစ်ဦးဆေးရုံရောက်


ရခိုင်ဂေဇက်၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာတွင် ရပ်ရွာ လုံခြုံရေးကင်းလှည့် များအား မသင်္ကာစရာ ကားတစ်စီးမှ စက်တင်ဘာ (၁၀)ရက် ညနေ (၉)နာရီ ခန့်က ဝင်တိုက်ရာ တစ်ဦးသေ နှစ်ဦး ဆေးရုံတွင် ဆေးကုသခံနေရကြောင်း သိရသည်။

``ကားတိုက်တာဟုတ်ပါတယ်။ ကျွန်တော်တို့ ဖမ်းမိထားပြီးပါပြီ ။သူတို့ကို အမှုဖွင့်ဖို့လုပ်
နေတယ်´´ဟုေ​မြာက်ဦးမြို့ ​​မရဲစခန်း စ​ခန်းမှူးမှ ရခိုင်ဂေဇက်သို့ ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်၏ အကြမ်းဖက်ဖြစ်စဉ်ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ လုံခြုံရေး
အထူးသတိပြုဖို့ ဆြော်သ မှုများနှင့်အတူ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးနှင့် ကျေးရွာများတွင် လုံခြုံရေးကင်းများဖြင့် အလှည့်ကျ ပြုလုပ်လျှက်ရှိ​​နေ​ကြပြီး မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာတွင် လည်း လုံခြုံ​ရေးအတွက်​ ကင်းလှည့်​​နေရာမှ ယခုကဲ့သို့ ဖြစ်​ပွားခဲ့ခြင်းဖြစ်​သည်​။

`ရွာရှေ့မှဖြတ်သွား ဖြတ်​လာ​သော မသင်္ကာစရာကား များကို ရပ်​တန့်​​စေပြီး စစ်​​ဆေးမှု
အချို့ပြုလုပ်​ ကြပါတယ်။ ​ကျောက်​​​တော်​ဖက်​မှ လာ​တဲ့ ကုန်​တင်​ ကားကြီး (မိုးကာ အစိမ်း အုပ်​ထား​သော) တစ်​စီးကို မသင်္ကာလို့ စစ်​​ဆေး ရပ်​တန့်​တားဆီးရာမှ မရပ်​တန့်​ဘဲ လုံခြုံရေးကင်း
လှည့် များကို ကားဖြင့်​တိုက်​သတ်​ ခဲ့တာပါ´ဟု ထိုရွာသို့ အလည်ရောက်နေသူ ကျောက်တော်
မြို့မှ တက်ကြွ လှုပ်ရှားသူ ဦးညီပုကဆိုသည်။

အဆိုပါဖြစ်​စဉ်​​ကြောင့်​ လုံခြုံရေးကင်းစောင့်နေသောဦးနီလှဦး ဆိုသူမှာ ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ဦးချက်ဖား၊ ဦးအောင်ကျော်မြ တို့မှာလည်း ဒါဏ်ရာများရ၍ ​မြောက်ဦး​ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

တောင်​ဦး ကျေးရွာသည်​ ​ရန်ကုန်- ကားလမ်းမကြီး စစ်တွေအဝေးပြေးလမ်းပေါ်တွင်ရှိပြီး ကျောက်​​​တော်​မြို့နှင့်​ ​မြောက်​ဦးမြို့ကြားတွင်ရှိကာ ​မြောက်​ဦးမြို့နှင့်​ (၁၇) မိုင်​ခန့့်​အကွာတွင်​ ရှိကြောင်းသိရသည်။

ဇွဲလင်းနိုင် (စစ်တွေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မသင်္ကာ စရာကားတစ်စီးမှ လုံခြုံရေးကင်းလှည့်အား ဝင်တိုက်၍ တစ်ဦးသေ နှစ်ဦးဆေးရုံရောက် မသင်္ကာ စရာကားတစ်စီးမှ လုံခြုံရေးကင်းလှည့်အား ဝင်တိုက်၍ တစ်ဦးသေ နှစ်ဦးဆေးရုံရောက် Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.