ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို ဖိအားမပေးရန် ရုရှားသတိပေး


ရန်ကုန် စက်တင်ဘာ ၉

ရခိုင်ပြည်နယ်တွင် ဖြစ်ပွား လျက်ရှိသော ပဋိပက္ခဖြစ်စဉ်များ နှင့်ပတ်သက်၍ မြန်မာနိုင်ငံကို ဆိုးရွားသည့်ဖိအားပေးမှုများ မပြု လုပ်ရန် ရုရှားနိုင်ငံက သတိပေး ခဲ့ကြောင်းSputnik သတင်းဌာန က ဖော်ပြသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သော မာရီယာဇာခါရိုဗာက မြန်မာနိုင်ငံ တွင် ဘာသာရေးနှင့်ဆက်နွယ် သည့် ပဋိပက္ခဖြစ်စဉ်များဖြစ်ပွား နေချိန်၌ မြန်မာနိုင်ငံနှင့် မြန်မာ အစိုးရအား တစ်ဖက်သတ်ဆန် သည့်အပြင် ဆိုးရွားသည့်အသွင် လည်းဆောင်သော ဖိအားပေးမှု များ နိုင်ငံတကာအသိုင်းအဝိုင်း ဘက်မှမပြုလုပ်ရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 ထို့အပြင် မာရီယာဇာခါရိုဗာက မြန်မာအစိုးရသည် ရခိုင်ပြည်နယ် တွင်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခ ဖြစ်စဉ်များအား ကိုင်တွယ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည့်အပြင် ရခိုင် ပြည်နယ်စုံစမ်းစစ်ဆေးရေးကော် မရှင်၏ အကြံပြုချက်အချို့အတိုင်း ဖော်ဆောင်ရန် ကြိုးပမ်းနေသည် ကို သတိပြုရန် လိုအပ်မည်ဖြစ် ကြောင်းလည်း ပြောသည်။

 ရုရှား သမ္မတပူတင်ကလည်း ရခိုင်ပြည် နယ်၌ ဖြစ်ပွားခဲ့သော အကြမ်း ဖက်တိုက်ခိုက်မှုများကို ရုရှား အစိုးရအနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

NG
The Union Daily
https://www.facebook.com/uniondaily.net/
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို ဖိအားမပေးရန် ရုရှားသတိပေး ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို ဖိအားမပေးရန် ရုရှားသတိပေး Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.