ကြိမ်ချောင်းကျေးရွာနှင့် ကလာဘာရွာတို့၌ မီးလောင်မှုများ ဖြစ်ပွား၊ မိချောင်းဈေးကျေးရွာသားများ ဗလီတက်စဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲ


စက်တင်ဘာ ၂၂၊ ၂၀၁၇

မောင်တောမြို့နယ် နယ်မြေ ၄ ကြိမ်ချောင်းတောင်ရွာတွင် ယခင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျန်ရှိသည့် နေအိမ် အလုံး ၂၀ သည် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ထပ်မံ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မည်သည့် အတွက်ကြောင့် မီးလောင်ကျွမ်းသည်ကို စုံစမ်းလျက်ရှိကြောင်းနှင့် ကြိမ်ချောင်းနယ်မြေရဲစခန်းတွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

အလားတူ ညပိုင်းတွင် မောင်တောမြို့ ရွာသစ်ကေရပ်ကွက်၊ ကလာဘာရွာ၌ ယခင် မီးလောင် ပြင်ဟောင်းတွင် ကျန်ရှိနေသော လူနေထိုင်ခြင်း မရှိသည့် ဓနိမိုး၊ ထရံကာ နေအိမ် ၁ လုံး မီးလောင်းကျွမ်းခဲ့သဖြင့် တန်ဖိုးငွေ ကျပ် ၃၀၀၀၀ ဆုံးရှုံးခဲ့ကြောင်း နှင့် တရားခံ ဖမ်းဆီးရမိရေး မောင်တောမြို့မစခန်းတွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။


ဘူးသီးတောင်မြို့နယ် နယ်မြေ ၁၀ မိချောင်းဈေးကျေးရွာ ဗလီကြီး ခြံဝန်းအတွင်း၌ ယနေ့ (သောကြာနေ့) နံနက်ပိုင်းတွင် အစ္စလာမ်ဘာသာဝင်များ ဗလီတက်ချိန် ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်စေရန် ရည်ရွယ်၍ ဗလီခြံဝန်း အတွင်း၌ အကြမ်းဖက်သမားများ ထောင်ထားခဲ့သည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သည်။


လက်လုပ်မိုင်းပေါက်ကွဲသည့် ဗလီခြံဝန်းအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဗလီ၏ အရှေ့ဘက် ပေ ၃၀ ခန့်အကွာ အုန်းပင် အခြေ၌ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် အကျယ် ၄ ပေ၊ အနက် ၂ ပေခန့်ရှိ မြေကျင်း ၁ ခု တွေ့ရှိခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဗလီခြံဝန်းအတွင်း ဆက်လက် ရှင်းလင်းခဲ့ရာ ပထမ ပေါက်ကွဲခဲ့သည့် လက်လုပ်မိုင်းနေရာနှင့် ၁၀ ပေခန့်အကွာတွင် ဖိုကနောက်ဆိုင် ထောင်ထားသည့် အရှည် ၈ လက်မ၊ အချင်း ၆ လက်မခန့်ရှိ ကားပင်စတင်နှင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား ထပ်မံ တွေ့ရှိ၍ သက်မဲ့ပြုလုပ်ခဲ့ပြီး ဆက်စပ် ပစ္စည်းများဖြစ်သည့် ဓာတ်ခဲနှင့် တွဲလျက် ကတ် ၁ ခု၊ နှစ်ပင်လိမ် ဝါယာကြိုး အရှည်ပေ ၂၀ ခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

Information Committee
https://www.facebook.com/InfomationCommittee

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ