ဘူးသီးတောင်မြို့ မီးကျောင်းဈေးရွာတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့


ဒီကနေ့ နံနက် (၁၀) နာရီခန့်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာအုပ်စု၊ မီးကျောင်းဈေးဘင်္ဂါလီရွာ ဗလီကြီးခြံဝန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရ ပါတယ်။

 ဗုံးပေါက်ကွဲတာဟာ ဗလီကြီးအရှေ့ဖက် ပေ (၃၀) ခန့်အကွာမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီးတော့ ဗုံးပေါက်ကွဲမှု ကြောင့် အကျယ် (၄) ပေ၊ အနက် (၂) ပေခန့် ကျင်းဖြစ်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကနဦးသတင်းများ အရသိရှိရပါတယ်။

 ဗုံးပေါက်ကွဲတဲ့ကျေးရွာဟာ ဘူးသီးတောင်မြို့နယ်နဲ့ (၈) မိုင်ခန့်ကွာဝေးတယ်လို့ သိရပါတယ် ။ လက်ရှိအခြေအနေမှာ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲက သွားရောက်စစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကသိရှိရပါတယ်။

သတင်းထောက် ………. လဝန်းရံ (စစ်တွေသတင်းထောက်)
5 PLUS NEWS
https://www.facebook.com/5plusnews
ဘူးသီးတောင်မြို့ မီးကျောင်းဈေးရွာတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ ဘူးသီးတောင်မြို့ မီးကျောင်းဈေးရွာတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 14:18 Rating: 5
Powered by Blogger.