ပြင်သစ်တောင်ပိုင်းရှိ ဘူတာရုံတွင် ကမ္ဘာလှည့်ခရီးသွား အမျိုးသမီး ၄ဦး အက်စစ်ဖြင့် တိုက်ခိုက်ခံရ

ပြင်သစ်တောင်ပိုင်းရှိSaint-Charles ဘူတာရုံတွင် အက်စစ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ က လုံခြုံရေးဆောင်ရွက်နေစဉ် (ဓါတ်ပုံ-အင်တာနက်)
    ပါရီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

    ပြင်သစ်နိုင်ငံတောင်ပိုင်း ရှိ Marseilleမြို့၏ ရထားဘူတာကြီး၌ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် အမည်မသိအမျိုးသမီး တစ်ဦးက အမေရိကန်လူမျိုး ကမ္ဘာလှည့်ခရီးသွား အမျိုးသမီး ၄ဦး ကို ဟိုက်ဒရိုကလိုရစ်အက်စစ်ဖြင့် တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အနက် ၂ဦးမှာ မျက်နှာတွင် အက်စစ်ထိမှန်ခဲ့ကြောင်း La Provence ပြည်တွင်းသတင်းစာကဖော်ပြခဲ့သည်။

အသက် ၂၀ကျော်ပတ်ဝန်းကျင်ရှိ ကမ္ဘာလှည့်ခရီးသွား ၄ဦး သည် Marseilleမြို့မှ တစ်ဆင့် ပါရီမြို့သို့သွားရောက်ရန် Saint-Charles ဘူတာရုံ၌ရှိနေစဉ် နံနက် ၁၁နာရီ ၌ အက်စစ်ဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ မျက်နှာတွင် အက်စစ်ထိမှန်ခဲ့သူ ၂ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အခြား ၂ဦးမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ထိတ်လန့်တုန်လှုပ်ခဲ့ကြကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကား၍ La Provence သတင်းစာက တိုက်ခိုက်သူအမျိုးသမီးသည် တိုက်ခိုက်ပြီးနောက် အဆိုပါနေရာ၌ပင် ရှိနေပြီး မီးလောင်ဒဏ်ရာများ နှင့် ရိုက်ကူးထားသည့် ၎င်း၏ ဓါတ်ပုံများအရ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတစ်ဦးဖြစ်ကြောင်း နှင့် အသက် ၄၁နှစ်အရွယ်ရှိ ယင်းအမျိုးသမီးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ပြင်သစ်တောင်ပိုင်းရှိ ဘူတာရုံတွင် ကမ္ဘာလှည့်ခရီးသွား အမျိုးသမီး ၄ဦး အက်စစ်ဖြင့် တိုက်ခိုက်ခံရ ပြင်သစ်တောင်ပိုင်းရှိ ဘူတာရုံတွင် ကမ္ဘာလှည့်ခရီးသွား အမျိုးသမီး ၄ဦး အက်စစ်ဖြင့် တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.