![]() |
သူ့သားကို ခေါင်းပေါင်း စည်းခွင့် မပေးတာ ခွဲခြား ဆက်ဆံတာလို့ တုံ့ပြန် |
မဲလ်ဘုန်းမြို့ မယ်လ်တန် ခရစ်ယာန် ကျောင်းက ယောက်ျားလေးတွေ ခရစ်ယာန် မဆန်တဲ့ ခေါင်းစည်း ဝတ်ဆင်တာကို ခွင့်မပြုပါဘူး။
ဒါပေမဲ့ ၅ နှစ်သား ကျောင်းသားရဲ့ ဖခင်က သူ့သားကို ခေါင်းပေါင်း စည်းခွင့် မပေးတာက ခွဲခြား ဆက်ဆံတာ ဖြစ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီအတွက် ခုံရုံးက ဆစ်ခ် ကျောင်းသား ဘက်က အနိုင်ပေးလိုက်ပါတယ်။
ဆစ်ခ်ဘာသာဝင်တွေရဲ့ ထုံးစံအရ အမျိုးသားတွေ ဆံပင်အရှည်ထားပြီး ခေါင်းပေါင်း ပေါင်းဖို့ လိုပါတယ်။
ဒါကို ကျောင်းက ဒီကျောင်းသားအတွက် သီးသန့် ခွင့်ပြုချက် မပေးခဲ့ပါဘူး။
သြစတြေးလျ လို တိုးတက်တဲ့ နိုင်ငံမှာ ဒီလို မျိုး ဖြစ်တဲ့အတွက် တုန်လှုပ်မိကြောင်း ကျောင်းသား ဖခင် မစ္စတာ အာရိုရာက ပြောပါတယ်။
သြစတြေးလျ စစ်တပ်နဲ့ ရဲထဲက ဆစ်ခ် လူမျိုးတွေ ဒီလို ခေါင်းပေါင်းပေါင်းတာတွေ ရှိပါတယ်၊ ကျွန်တော့် သားကျမှ ကျောင်းမသွားရဘူးလို့ သူက ပြောပါတယ်။
![]() |
တပ်ထဲက ဆစ်ခ် စစ်သားတွေ |
၂ဝ၁၄ တုန်းက ကျောင်းရဲ့ ဝတ်စုံ မူဝါဒကို ပြန်လည် သုံးသပ်တုန်းက ရပ်ကွက်ထဲက လူတွေရဲ့ အမြင်ကို ထည့်မစဉ်းစားတဲ့ အတွက် ဆီလျော်မှု မရှိဘူးလို့ ဝိတိုရိယ ပြည်နယ် တရားမ ခုံရုံး က ပြောကြား ပါတယ်။
ကျောင်းက ခရစ်ယာန် ကျောင်း ဖြစ်ပေမယ့် ကျောင်းသား တဝက်ကျော် က ခရစ်ယာန်မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ကျောင်းသားရဲ့ ခေါင်းပေါင်းကို ကျောင်းဝတ်စုံ အရောင် ဖြစ်အောင် စီစဉ် ပေးနိုင်တယ် လို့လည်း ပြောပါတယ်။
ဒီလို ဆုံးဖြတ်ပေးလို့ အင်မတန် ပျော်ရွှင်ကြောင်း၊ ဒါဟာ သြစတြေးလျက ဆစ်ခ်လူမျိုးတွေ အတွက် သတင်းကောင်း ဖြစ်ကြောင်း ကျောင်းသား ဖခင်က ဆိုပါတယ်။
ကျောင်းနဲ့ ကျောင်းသား မိဘ မကြာခင် တွေ့ဖို့ ရှိပြီး နောက်နှစ် အဲဒီကျောင်းကို သူတို့သား တက်ခွင့်ရမယ်လို့ မျှော်လင့်နေကြပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဆစ်ခ်ကျောင်းသား ကျောင်းဝင်ခွင့်မရ
Reviewed by THITHTOOLWIN
on
10:28
Rating:
